DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနှင့်စာချုပ် ချုပ်ပြီး ပြန်လည်စတင်နေ
DVB
·
July 4, 2026
Photo : DVB
Photo : DVB
Donate to DVB

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီး တည်ဆောက်သူနဲ့အတူ တခြားလိုအပ်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေပြီး စီမံကိန်းကို ပြန်စတင် နေတယ်လို့ စစ်အာဏာရှင်ခန့် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးဝင်းမြင့်ခိုင်က ပြောပါတယ်။

ဇူလိုင် ၃ ရက်က လုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တနင်္သာရီတိုင်းက ကိုယ်စားလှယ် ဦးမောင်စိန်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဖို့ ရှိ၊ မရှိ မေးတာကို ပြန်ဖြေဆိုတာ ဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ရုရှားနဲ့ ဆောင်ရွက်ဖို့အတွက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာ လုပ်ခဲ့တဲ့ ပဉ္စမအကြိမ် မြန်မာ-ရုရှား အစိုးရအချင်းချင်းကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးမှာ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းနဲ့ အနီးဝန်းကျင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်တဲ့ စာလွှာ (Memorandum of Intent-MOI) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ရေနက်ဆိပ်ကမ်းနယ်နိမိတ်သတ်မှတ်ဖို့ ဆောင်ရွက်နေတာမှာလည်း အပြီးသတ်အဆင့်ကို ရောက်နေပြီလို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူးလည်း ဖြစ်သူ ဦးဝင်းမြင့်ခိုင် ပြောပါတယ်။

စီမံကိန်းပြန်လည်စတင်နိုင်ဖို့ အရင်ကရေးဆွဲခဲ့တဲ့ အီတာလျံထိုင်းကုမ္ပဏီ(ITD)ရဲ့ Master Plan၊ အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (NEDA)ရဲ့ Master Plan နဲ့ JICA Study တို့ကိုအခြေခံပြီး လက်ရှိအခြေအနေနဲ့ အသင့်တော်ဆုံးဖြစ်မဲ့ စီမံချက်ကို အဆင့် ၃ ဆင့်ခွဲပြီး အကောင်အထည်ဖော်သွားဖို့ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို အီတာလျံထိုင်းကုမ္ပဏီနဲ့ ဆောင်ရွက်ဖို့ ၂၀၀၈ ခုနှစ်၊ မေ ၁၉ ရက်မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ပေမဲ့ အီတာလျံထိုင်း ကုမ္ပဏီရဲ့ ပျက်ကွက်မှုတွေကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှာ စီမံကိန်းကို ရပ်ဆိုင်း ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013