DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးမတည်ငြိမ်မှုကြောင့် ငွေလဲကောင်တာအချို့ အရောင်းပိတ်
DVB
·
June 13, 2015
ဒေါ်လာဈေးမတည်ငြိမ်မှုကြောင့် ငွေလဲကောင်တာအချို့ အရောင်းပိတ်
Donate to DVB

ရက်ပိုင်းအတွင်း ဒေါ်လာဈေးအတက်ကြမ်းခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်းက တရားဝင်ငွေလဲကောင်တာတချို့မှာ ဒေါ်လာအရောင်းပိတ်တာတွေ ရှိလာပါတယ်။

ဒေါ်လာပေါက်ဈေးဟာ ဇွန်လ ၁၀ ရက်နေ့မှာ ၁ ဒေါ်လာကို မြန်မာငွေ ၁၂၀၀ကျော် အထိ ဈေးပေါက်ခဲ့တာကြောင့် ဒါဟာ  ဗဟိုဘဏ်ရည်ညွှန်းဈေးနဲ့ ကွာခြားတာကြောင့် နောက်ဆက်တွဲ အကျိုးဆက်တွေအဖြစ် သွင်းကုန်ဈေးတက်ခြင်း၊ ရွှေဈေးမြင့်တက်လာခြင်း စတာတွေပါ ဆက်လက်ဖြစ်ပေါ်လာပါတယ်။

လက်ရှိဈေးကွက်မှာတော့ ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတွေမှာတော့ လက်ကျန်ဒေါ်လာငွေမရှိတာကြောင့် မရောင်းချနိုင်ကြောင်း အကြောင်း ပြထားပါတယ်။

ဒီ့အတွက် ဘဏ်တခုကပြောဆိုရာမှာတော့ အဓိက ဒေါ်လာရောင်းတဲ့သူရှိမှ ပြန်ရောင်းချပေးနိုင်မယ်လို့ ဆိုထားပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာတော့ ဒေါ်လာငွေလဲလှယ်နှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁၃၀၀ နီးပါးရှိခဲ့ပြီး၊ ဇွန်လ ၁၁ ရက်နေ့မှာတော့ ၁၂၀၀ ၀န်းကျင်နဲ့၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ၁၁၈၅ ကျပ် ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013