DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေ ၁ ဧက ၅၀၀၀ ကျပ်နှုန်း ပေးလျော်ခဲ့ဟု ကာကွယ်ရေးဒုဝန်ကြီးပြော
DVB
·
June 13, 2015
တပ်သိမ်းမြေ ၁ ဧက ၅၀၀၀ ကျပ်နှုန်း ပေးလျော်ခဲ့ဟု ကာကွယ်ရေးဒုဝန်ကြီးပြော
Donate to DVB

တပ်သိမ်းမြေတွေထဲက တချို့ကို ပြန်လည်စွန့်လွှတ်မှာ ဖြစ်ပေမယ့် တချို့အတွက်ကတော့ လျော်ကြေးပေးခဲ့ပြီးဖြစ်တာကြောင့် မစွန့်လွှတ်နိုင်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောပါတယ်။

တပ်သိမ်းမြေတွေကို ပြန်ပေးဖို့ ရှိမရှိ မေးခွန်းတွေကို ဇွန် ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် လေးယောက်က မေးမြန်းခဲ့တာပါ။

ပေါက်မြို့နယ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ မိုးမောက်မြို့နယ် သီပေါမြို့နယ်နဲ့ မြန်အောင်မြို့နယ်တွေမှာ ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ တပ်ရင်းတွေအတွက် လယ်မြေအပါအ၀င် တခြားမြေတွေကို သိမ်းယူထားတာပါ။

“စုစုပေါင်း ၃၄၀၄ ဧကအတွက် လျော်ကြေးကို ၁၇၄၂၁၆၇၁ ကျပ်ကို ၂၀၁၁ ခုနှစ်က ပေးလျော်ခဲ့ပြီး ဖြစ်ပါတယ်။ စီမံကိန်းစတင်ဆောင်ရွက်တာမရှိပဲ စက်ရုံတွေရဲ့ လုံခြုံရေး မထိခိုက်နိုင်တဲ့ လယ်ယာမြေ ၂၈၁၈ ဧကကို ပတ်ဝန်းကျင်ဒေသတွေက တောင်သူတွေကို အခမဲ့ စိုက်ခွင့်ပေးထားတဲ့အတွက် ထပ်မံပြီးလျော်ကြေးပေးဖို့ မရှိပါဘူး” လို့  ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဖြေပါတယ်။

ဒီလယ်မြေတွေထဲက တချို့မှာ မြေစာရင်းပုံစံ (၇) ရနေတာကတော့ မြေစာရင်းဌာနက မှားတာပါလို့ ၀န်ကြီးက ဆိုပါတယ်။

မိုးမောက်မြို့နယ်မှာ အမှတ် ၃၇၀ အမြောက်တပ်ရင်းနေရာက ဧက ၆၀၀ ကျော်ကို သိမ်းဆည်းရာမှာတော့ မူလမြေပိုင်ရှင်တွေက သဘောတူကြောင်း လက်မှတ်ရေးထိုးထားပြီး လုံခြုံရေးအရ လိုအပ်လို့  ပြန်မပေးနိုင်ဘူးလို့ ဖြေပါတယ်။

ပြီးတော့ မြန်အောင်မြို့နယ်က လယ်မြေတချို့ကို ပြန်ပေးမှာ ဖြစ်ပြီး သီပေါမြို့နယ်က တပ်မြေအဖြစ် သိမ်းထားတဲ့ လယ်နဲ့ယာမြေဧက ၁၀၀၀ လောက်ကနေ ဧက ၄၀ လောက်ကို ပြန်ပေးမယ်လို့ ဖြေကြားခဲ့ပါတယ်။

တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ မြေတွေထဲက ဧက ၁ သိန်းလောက်ကို စွန့်လွှတ်ပြီး ဖြစ်တယ်လို့ ဗဟိုမြေယာကော်မတီက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013