DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ဒေသတွင် ကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
June 12, 2015
ကိုးကန့်ဒေသတွင် ကျပ်သိန်းပေါင်း ၂ သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
1 / 4
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း  လောက်ကိုင်မြို့မှာ မြန်မာကျပ်ငွေ သိန်းပေါင်း ၂သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ဒီကနေ့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဇွန် ၁ဝ ရက်မနက်က တပ်မတော်၊ ရဲနဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ရှောင်တခင် စစ်ဆေးရာမှာ  မူကွာကျိုင်း ကျေးရွာအဝင် လမ်းမှာ ဦးမုံကြုံဖူး (၄၂)နှစ်ထံက ရေသန့်ဘူးနဲ့  ထည့်ထားတဲ့  ကျပ် ၃ သိန်းခန့် တန်ဖိုးရှိ ဘိန်းဖြူမှုန့် ၁၅ ဂရမ်ခန့်ဖမ်းမိပြီး ရွှေဆင်မြို့သစ်မှာ ဆက်ရှာဖွေရာမှာ လမ်ထောင့် အမှိုက်ပုံအနီး အမှိုက်ထုပ်အတွင်းမှ တန်ဖိုးကျပ် ၄၅ သိန်း ၉ သောင်းခန့်ရှိ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၃ဝ၆ဝ ပြား သိမ်းဆည်းရ မိတယ်လို့ ဆိုပါတယ်။

[caption id="attachment_97394" align="alignright" width="475"]ဓာတ်ပုံ - myawady ဓာတ်ပုံ - myawady[/caption]

ဒါ့ပြင် ရွှေဆင်လမ်းသွယ် (၂)လမ်းရှိ ဦးရန်ကော်ဘင် (၄၇) နှစ်ရဲ့ နေအိမ်ကို ဆက်လက် ရှာဖွေခဲ့ရာ ခြံဝင်းအတွင်း မြေကြီးနဲ့ ဖုံးအုပ်မြှုပ်နှံ ထားသော တန်ဖိုးငွေကျပ် သိန်း ၁၉၂ဝဝ ခန့်ရှိတန်ဖိုးရှိ အိုက်စ် မူးယစ်ဆေး ၉၆ ကီလို၊ တန်ဖိုးငွေကျပ် ၈၆၄ သိန်းခန့် ရှိသော အက်ဖီဒရင်း အမှုန့် ၃၂ ကီလို၊ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားတွေ သိမ်းဆည်း ရတယ်လို့ ဆိုပါ တယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့  ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့  သတင်းမှာဖော်ပြပါတယ်။  ကိုးကန့် ဒေသမှာ စစ်ပွဲတွေ ရပ်ဆိုင်း သွားပြီးနောက် ခုလို မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ သတင်းထွက်ပေါ် လာတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013