DVB Logo
Home
မြန်မာသတင်း
တောင်ငူဈေးကြီးမီးလောင်မှုတွင် တရားစွဲဆိုခံထားရသူ ၂ ဦးကို တရားရှင်လွှတ်
DVB
·
June 12, 2015
တောင်ငူဈေးကြီးမီးလောင်မှုတွင် တရားစွဲဆိုခံထားရသူ ၂ ဦးကို တရားရှင်လွှတ်
1 / 6
Donate to DVB

ပဲခူးတိုင်း တောင်ငူမြို့မှာ မနှစ်နှစ်ဆန်းပိုင်းက ဗဟိုဈေးကြီးမီးလောင်မှုနဲ့ပတ်သက်ပြီး တရားစွဲခံရသူ ၃ ဦးအနက် ၂ ဦးကို တရားရှင်လွှတ်လိုက်ပြီး ကျန်တဦးကို စွဲချက်တင်လိုက်ပါတယ်။

မီးပေါ့ဆမှုနဲ့ တရားစွဲခံရသူ ၃ ဦးအနက် ဦးတင်အေး(လျှပ်စစ်ကော်မတီ) နဲ့ ဈေးလုံခြုံရေး ကော်မတီအဖွဲ့ ခေါင်းဆောင်ဦးတင်ထွန်းအောင်တို့ကို ဒီနေ့ရုံးထုတ်မှာ တရားရှင်လွှတ်လိုက်ပြီး မီးပြင်သူဦးထွန်းထွန်းကိုတော့ ပြစ်မှုပုဒ်မ ၂၈၅(မီးပေါ့ဆမှု)နဲ့ စွဲချက်တင်ပါတယ်။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူတဦးက “အခုဦးထွန်းထွန်းကို စွဲချက်တင်တယ်ဆိုတာကလည်း မီးမလောင်ခင်က ဓါတ်တိုင်ပေါ် မီးတက်ပြင်တဲ့သူဖြစ်နေလို့ ဆက်ရှင်းရမှာပါ။ မြို့နယ်လျှပ် စစ် အင်ဂျင်နီယာ ကိုယ်တိုင်ကလည်း တရားရုံးမှာ ၀ါယာရှော့မဟုတ်ဘူးဆိုတာ လာရောက် သက်သေခံပြီးသွားပါပြီ” လို့ ပြောပါတယ်။

(မြို့မ)ဗဟိုဈေးကြီး မီးလောင်ကျွမ်းမှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ၁၅၉၈၀ သိန်းခန့်ရှိပြီး လူတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှုမရှိကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက ကနဦးထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်း ထုတ်ပြန်မှုများအရ ငွေကျပ်သိန်းပေါင်း ၆၀၀၀၀ ကျေ ပျက်ဆီးဆုံးရှုံးတယ်လို့ သိရပါတယ်။

သတင်းနှင့် ဓာတ်ပုံ - သားကြီး (တောင်ငူ)
[gallery ids="97359,97360,97361,97362,97363,97364"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013