DVB Logo
Home
မြန်မာသတင်း
မြန်မာ့လေကြောင်း ဘိုးရင်း ၇၃၇ လေယာဉ်ဖြင့် ပထမဆုံးအကြိမ်ပြေးဆွဲမည်
DVB
·
June 12, 2015
မြန်မာ့လေကြောင်း ဘိုးရင်း  ၇၃၇ လေယာဉ်ဖြင့် ပထမဆုံးအကြိမ်ပြေးဆွဲမည်
Donate to DVB

မြန်မာအမျိုးသားလေကြောင်း(အမ်အဲန်အေ)ဟာ ဘိုးအင်း ၇၃၇-၈၀၀အမျိုး အစားလေယာဉ်နဲ့ ပထမဆုံး စတင်ပျံသန်းတော့မယ်လို့ အမေရိကန် အခြေစိုက် ဘိုးရင်းလေယာဉ် ကုမ္ပဏီက ဇွန်လ ၁၁ ရက်နေ့က ကြေညာပါတယ်။

ဒီလေယာဉ်ဟာ GE Capital Aviation Services (ဂျီအီးစီအေအက်စ်)လေယာဉ်ကုမ္ပဏီက အငှားချထားခဲ့တာဖြစ်ပြီး မြန်မာပြည်ပြင်ပကွန်ရက်ဆက်နွယ်မှုတွေနဲ့ ဈေးကွက်တိုးချဲ့တဲ့အနေနဲ့ မြန်မာပြည်တွင်း လေကြောင်းလိုင်းတခုကို ခွင့်ပြုပေးခဲ့တာလို့ ဘိုးအင်းက ဆိုပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း အမှုဆောင်အရာရှိ ဦးသန်းထွန်းက “ကျနော်တို့ရဲ့ ဘိုးအင်း ၇၃၇ အမျိုးအစားလေးယာဉ်သစ်ဟာ နိုင်ငံတကာဈေးကွက်ကွန်ရက်ထိ ထိုးဖောက်တိုးချဲ့ သွားမှာဖြစ်ပြီး ကျနော်တို့ခရီးသည်တွေအတွက် ပိုကောင်းတဲ့ အတွေ့အကြုံ သစ်တွေကို ပေးသွားမှာပါ။ ဘိုးအင်း ၇၃၇ လိုနည်းပညာအသစ်နဲ့ လေယာဉ်သစ်တွေမှာရင်းနှီးမြှုပ်နှံပြီး အမ်အဲန်အေ အနေနဲ့ အနာဂတ်မှာအောင်မြင်အောင် လုပ်ဆောင်သွားမယ်။ နိုင်ငံရဲ့ ဂုဏ်ဆောင်နိုင်အောင် ဆက်လုပ်သွားမယ်”လို့ ကြေညာချက်မှာပြောပါတယ်။

ဘိုးရင်းကုမ္ပဏီ အာရှပစိဖိတ်ဒေသအရောင်းဌာန ဒုအကြီးအကဲ ဒေါက်တာ ဒင်းနက်ရှ် ကက်စ်ကာကလည်း မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ဒီလိုအရမ်းကို အရေးကြီးတဲ့ သမိုင်းမှာ တနေရာကနေ ပါဝင်တာ ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်း(အမ်အဲန်အေ)ဟာ ဂျီအီးစီအေအက်စ် လေယာဉ်ကုမ္ပဏီထုတ် ဘုးအင်း ၇၃၇-၈၀၀ အမျိုးအစား ၅ စီးနဲ့ ၇၃၇ မက်စ်အိတ်အမျိုးအစား လေယာဉ် ၄ စီး ထပ်မံမှာယူထားတယ်လို့ သိရပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းဟာ အရင်က မြန်မာ့လေကြောင်းလိုင်းကို အမည်ပြောင်း ထားတာဖြစ်ပြီး ပြည်တွင်းခရီးစဉ် ၂၅ ခုလာက်ကို ပျံသန်းပြေးဆွဲနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013