မြဝတီ-မဲဆောက် နယ်စပ်ဖြတ်ကျော်ဂိတ် ၁၇ ခုကို ထိုင်းဘက်က ပိတ်

မြန်မာနိုင်ငံမြဝတီနဲ့ ထိုင်းနိုင်ငံ မဲဆောက်ကိုနယ်စပ် သောင်ရင်းမြစ်တလျှောက်ရှိ နယ်စပ်ဖြတ်ကျော် ဂိတ်တွေကို နိုဝင်ဘာလ ၂၅ ရက်က ကစပြီး ထိုင်းအမျိုးသားလုံခြုံရေးကောင်စီက ပိတ်လိုက် ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ၂၀၂၅ ခုနှစ်ကတည်းက ဆောင်ရွက်ထားတဲ့ လျှပ်စစ်မီး၊ စက်သုံးဆီနဲ့ . အင်တာနက် မြန်မာဘက်ကို မပေးဘဲ ဖြတ်တောက်ထားတဲ့ အခြေအနေကို ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥကရေ့ ဘွတ်တားနိုးက နိုဝင်ဘာ ၂၄ ရက်မှာ ကွင်းဆင်းကြည့်ရှုခဲ့ ပြီနောက် အခုလို ပိတ်လိုက်တာ ဖြစ်ပါတယ်။
အဲဒီလို ကြည့်ရှုရာမှာ သောင်ရင်းမြစ်ထဲက ထိုင်းဘက်ကနေ မြန်မာဘက်ကို ကူးသန်းတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ် ၅၆ ဂိတ်ထဲက ၁၇ ဂိတ်ကို သွားလာကူးသန်းခွင့် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီအဖွဲ့က ပိတ်သိမ်းလိုက်ပြီး ၃၉ ဂိတ်ပဲ ကူးသန်းသွားလာမှုနဲ့ ကုန်စည် တင်သွင်းမှုတွေ လုပ်ဆောင်သွားရမယ်လို့ ထိုင်းသတင်းတွေကနေ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ဖလူးကြီး၊ မင်းလက်ပံ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထိုင်းပြည်သူတွေ နေထိုင်ရာ တာ့ခ်ခရိုင်၊ မဲ့ကုကင်း ရပ်ကွက် ၁၊ ၂၊ ၄၊ ၉ စတဲ့ ရပ်ကွက် ၄ ခုကို ထိုင်းစစ်ဦးစီးချုပ်ကသွားရောက်တွေ့ဆုံခဲ့သလို ဒေသခံ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။











