DVB Logo
Home
မြန်မာသတင်း
မဟာမဲခေါင်ဒေသခွဲတွင် ကူးသန်းမှု လွယ်ကူရန် ဆောင်ရွက်မည်
DVB
·
June 12, 2015
မဟာမဲခေါင်ဒေသခွဲတွင် ကူးသန်းမှု လွယ်ကူရန် ဆောင်ရွက်မည်
Donate to DVB

မဟာမဲခေါင်ဒေသခွဲ နိုင်ငံတွေက ကုန်စည်နဲ့ လူတွေ နိုင်ငံဖြတ်ကျော်သွားလာ ပို့ဆာင်မှု လွယ်ကူစေရေး အစီအစဉ်တခုကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ ၀န်ကြီးတွေက ဇွန် ၁၁ ရက်နေ့မှာ သဘောတူခဲ့ကြပါတယ်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ကျင်းပနေတဲ့ မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေး စင်္ကြန်များ ဖိုရမ်ကနေ သတင်းထုတ်ပြန်လိုက်တာပါ။

ဒီထုတ်ပြန်ချက်မှာ ဒေသတွင်း မြို့ပြဧရိယာတွေ အကောင်အထည်ဖော်ရာမှာ ပူးပေါင်း ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စားသုံးသူဈေးကွက်မျှဝေပြီး နိုင်ငံဖြတ်ကျော် အီလက်ထရောနစ် စီးပွားရေးစနစ် ဖွံ့ဖြိုးစေမယ့် မူဘောင်တခုကိုလည်း အတည်ပြုခဲ့ကြပါတယ်။

မဟာမဲခေါင်ဒေသခွဲ (GMS) မှာ မဲခေါင်မြစ်ဝှမ်းနဲ့ ဆက်စပ်နေတဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013