DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ် ပြင်ဆင်ချက်ကိစ္စ အမ်ပီစီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေး
DVB
·
June 11, 2015
အပစ်ရပ်စာချုပ် ပြင်ဆင်ချက်ကိစ္စ အမ်ပီစီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေးနွေး
Donate to DVB

နိုင်ဟံသာခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ရဲ့ တနိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ဇွန် ၁၁ ရက်က တွေ့ဆုံ ဆွေးနွေးကြပါတယ်။

လော်ခီးလာညီလာခံ ကျင်းပအပြီး ရက်ပိုင်းအတွင်း ခုလို တွေ့ဆုံကြတာဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန်မှာ နှစ်ဘက်တွေ့ကြဖို့ အကြိုညှိနှိုင်းကြမှာဖြစ်တယ်လို့ အန်စီစီတီ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

“သူတို့က ကျနော်တို့ လော်ခီးလာ အစည်းအဝေးပွဲ အခြေအနေ သိချင်တယ်။ ကျနော်တို့ကလည်း သူတို့နဲ့ နောက်ထပ် ပြန်တွေ့နိုင်ဖို့ စည်းဝေးလုပ်ကြမှာ၊ ပြန်ညှိကြဖို့ပေါ့လေ။”

အပစ်ရပ်စာချုပ်မူကြမ်းနဲ့ ပတ်သက်လို့ လော်ခီးလာ ညီလာခံက ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ အချက် ၁၅ ချက်ကို အန်စီစီတီက အမ်ပီစီကို အသိပေးပြောကြားမှာဖြစ်ပြီး ဒီအချက်တွေကို နှစ်ဘက် ဆက်လက်ဆွေးနွေး ညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကတော့ အန်စီစီတီဘက်က ပေးအပ်တဲ့ အချက်အလက်တွေကိုယူပြီး ၀န်ကြီးဦးအောင်မင်းတို့ရဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို ပေးအပ်သွားမယ်လို့ ပြောပါတယ်။

“အချက်အလက်တွေကိုယူပြီး ပြန်သွားဖို့က အဓိကတာဝန်ရှိနေတာပါ၊ အစိုးရဘက်ကတော့ အကောက်အယူရှိမှာပဲ၊ ဒီ ၁၆ လတာကာလ ဆောင်ရွက်ခဲ့တဲ့ဟာပေါ်မှာ ဘယ်လောက်အထိ ထည့်သွင်းစဉ်းစားနိုင်မလဲကတော့ UPCC နဲ့ UPWC က ဆုံးဖြတ်ရမှာပါ။”

အခု ချင်းမိုင်ဆွေးနွေးပွဲမှာ လော်ခီးလာညီလာခံက ဖွဲ့ပေးလိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ - Senior Delegation for Nationwide Ceasefire Negotiation (EAOs Senior Delegation) နဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (UPWC) တို့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးကြဖို့အတွက်လည်း ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား အပစ်ရပ်စာချုပ်မူကြမ်းကို လွန်ခဲ့တဲ့ မတ်လကုန်ပိုင်းက လက်မှတ်ထိုးနိုင်ခဲ့ကြပြီး အပြီးသတ် လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အစိုးရဘက်က အပစ်ရပ်လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုထားပြီး တိုင်းရင်းသားတွေဘက်က အပစ်ရပ်စာချုပ်မူကြမ်းပါ အချက် ၁၅ ချက်ကို ပြင်ဆင်ဖြည့်စွက်လိုကြောင်း ဆုံးဖြတ်ချက်ချထားတာ ဖြစ်ပါတယ်။

အန်စီစီတီခေါင်းဆောင် နိုင်ဟံသာကတော့ ဒီအချက် ၁၅ ချက်ကို လောလောဆယ် ထုတ်မပြောနိုင်သေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013