DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် လူဦးရေ ၃ သန်းခွဲကျော် စာမတတ်မြောက်
DVB
·
June 11, 2015
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် လူဦးရေ ၃ သန်းခွဲကျော် စာမတတ်မြောက်
Donate to DVB

မြန်မာနိုင်ငံမှာ အသက်  ၁၅ နှစ်နဲ့အထက် လူဦးရေ ၃၄ သန်းလောက်ရှိတဲ့အထဲမှာ  ၃ သန်းခွဲကျော်က စာမတတ်ဘူးလို့ မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ ပြည်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မသင်မနေရ စနစ်ဖြစ်တဲ့ မူလတန်းအရွယ် အသက် ၅ နှစ်ကနေ ၉ နှစ်အထိ လူဦးရေ ၄၇ သိန်းကျော်မှာလည်း  စာမတတ်သူ ၁၀ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

စာတတ်မြောက်မှု အများဆုံးက ၉၆ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်းဖြစ်ပြီး ရှမ်းပြည်နယ်က ၆၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ အသက် ၅ နှစ်ကနေ ၉ နှစ်အထိ စာတတ်သူ ၅၉ ရာခိုင်နှုန်းပဲရှိတာပါ။ စာတတ်မြောက်သူ အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာတောင် ၅ နှစ်ကနေ ၉ နှစ်ရှိ လူ ၅ သိန်းခွဲလောက်မှာ ၁ သိန်းလောက်က စာမတတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တနိုင်ငံလုံးရဲ့ အသက် ၁၀ နှစ်ကနေ ၅၉ နှစ်အထိမှာ စာတတ်သူဦးရေက ၅၀ ရာခိုင်နှုန်းကျော်ပေမယ့် ၆၀ ကနေ ၉၀ အထိ အသက်အရွယ်တွေမှာတော့ ၅၀ ရာခိုင်နှုန်း အောက်မှာပဲ ရှိနေပါတယ်။

ဒါ့ပြင် တနိုင်ငံလုံးရဲ့ ၅ နှစ်နဲ့အထက် လူတွေထဲက လူ ၅ သန်းခွဲကျော်ဟာ လုံးဝ ကျောင်းမနေဖူးပါဘူး။ လူ ၆ သန်းခွဲလောက်ကတော့ အတန်းပညာမရှိကြောင်း ဖြေဆိုထားပြီး သန်း ၂၀ ကျော်က မူလတန်းအထိပဲ တက်ဖူးခဲ့တာပါ။ အလယ်တန်းအထိ တက်ဖူးသူ ၁၀ သန်းလောက်ရှိပြီး အထက်တန်းအထိ တက်ဖူးသူက ၄ သန်းခွဲကျော် ရှိပါတယ်။

အသက် ၁၅ နှစ်နဲ့အထက် ကျောင်းတက်တဲ့ ဦးရေမှာတော့ ယောက်ျားဦးရေက ပိုများနေတယ်လို့လည်း အစီရင်ခံစာအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013