DVB Logo
Home
Lead Story
လာမပြောရင်တော့ ဆောရီးပဲ - ဦးဝင်းကြည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
DVB
·
June 10, 2015
လာမပြောရင်တော့ ဆောရီးပဲ - ဦးဝင်းကြည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
Donate to DVB

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်ပေါင်း ၁၃၀ ကျော်မှာ မဲပေးခွင့်ရှိသူ စာရင်းတွေကို ဇွန်လ ၈ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ရာ အမည်ထပ်နေတာတွေ၊ သေဆုံးသူတွေနဲ့ အသက်မပြည့်သူတွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေပါ မဲစာရင်းမှာ ပါဝင်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးဝင်းကြည်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ထုတ်ပြန်ထားတဲ့ မဲစာရင်းထဲမှာ ကျမတို့ လိုက်ပြီးတော့ မေးသလောက်က နာမည်မှားတာ၊ မွေးစာရင်းမှားတာ မမြင်ရတာ၊ အမျိုးမျိုးပေါ့လေ အမှားအယွင်းတွေ တော်တော်များတာရှိတယ်။ ဒီလို အမှားအယွင်း အများကြီး ရှိနေတဲ့အထဲမှာ အန်ကယ်တို့အနေနဲ့က လာပြောကြာဖို့ ကြေညာထားပါတယ်။ အကယ်၍ လူထုအနေနဲ့ မဲစာရင်းမှာ မှားနေတာကို လာမပြောခဲ့လို့ရှိရင်….။

“လာမပြောရင်တော့ ဆောရီးပဲ၊ သူတို့တာဝန်နော်၊ မှားနေရင် နောက်တခါကျရင် ဒီအမှားပဲ ပါမှာပဲ။ အခုမပါလို့ လာမပြောဘူးဆိုရင်လည်း ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်မဲပေးချင်ရင် လာကြည့်ပါ။ မှားရင်ပြင်ပါ။ မပါရင် နာမည်လျှောက်ပါလို့ ပြောထားတယ်။ အဲဒါမှ ကိုယ့်တာဝန်ကိုယ်မှ မလုပ်ဘူးဆိုရင်တော့ ဘာမှမတတ်နိုင်ဘူး။ လူသန်းပေါင်း ၃၀ ကျော်ကို လုပ်ရတာ။ အဲဒါကြောင့်မို့လို ကြိုပြီးတော့ ကပ်တယ်။ ခါတိုင်းဆိုရင် ရွေးကောက်ပွဲကြေညာအပြီးမှာ တခါတည်းကပ်တယ်။ အခု ကပ်ထားတယ်။ လာကြည့်ပါလို့ ပြောတယ်။ အဲဒါမှ မလုပ်နိုင်ဘူး၊ အကြောင်းကြောင်းကြောင့် ဘာပဲဖြစ်ဖြစ် မလုပ်နိုင်ဘူးဆိုရင်တော့ ဘာမှမတတ်နိုင်ဘူး..နော်။”

ဒါဆိုရင်  လာမယ့်ရွေးကောက်ပွဲမှာကျရင် မဲစာရင်း အစစ်အမှန် ရနိုင်ပါ့မလားရှင်။

“အစစ်အမှန်ဆိုတာ အခုနက လူတွေက ၀ိုင်းပြီးတော့ မဲဆန္ဒရှင်တွေက ကူမှရမှာပေါ့။ မကူရင်ဘယ်ရပါ့မလဲ။ တခြားနိုင်ငံတွေမှာ ဒီလိုမဟုတ်ဘူး။ ဒို့နိုင်ငံက နောက်ကျနေတဲ့အတွက် ဒီလိုလုပ်ရတာ။ တခြားနိုင်ငံမှာ မဲပေးချင်ရင် မဲပေးချင်တဲ့လူက ကျောင်းမှာလာမှတ်ပုံတင်ဆိုရင် လာပြီးတော့ မှတ်ပုံတင်ရတယ်။ မှတ်ပုံတင်မှာ ဓာတ်ပုံရိုက်ပြီး သူ့လိပ်စာကိုယူပြီးတော့မှ ရွေးကောက်ပွဲကနေပြီးတော့ သူ့ကို မဲပေးဖို့ မဲပေးတဲ့ မှတ်ပုံတင်ကပ်ထုတ်ပေးတာ။ ကျနော်တို့က အဲလို မလုပ်နိုင်သေးဘူး။ မှတ်ပုံတင်တောင်မှ လူတိုင်းစေ့ မလုပ်နိုင်သေးတဲ့အတွက် ဒီစာရင်းကို ရပ်ကွက်မှာရှိတဲ့ စာရင်းကို ကောက်ပြီးတော့ စာရင်းသွင်းရတာ။ လူသန်း ၃၀ လောက်သွင်း ရတယ်။ အဲတော့ ကျန်တဲ့လူရှိတယ်။ မှားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ပြင်ပါလို့ ပြောတာ။ မဲပေးချင်ရင်တော့ ဒီစာရင်လေးကြည့်ရတာ ဘယ်လောက်ပင်ပန်းတုန်း၊ လာကြည့်ပေါ့။ ”

သေတဲ့သူစာရင်းလည်း ပါဝင်နေတယ်ဆိုတော့---။

“သေတဲ့သူစာရင်းပါတာလည်း သမီးရဲ့အဖေသေလို့ရှိရင် သမီးအဖေစာရင်းကို အိမ်ထောင်စုစာရင်းထဲက ဖျက်ရမယ်။ မဖျက်ရင်ပါမယ်။ ဘယ်သူကမှ သေတဲ့လူကို ရိုက်ထည့်လို့မရဘူး။”

ဒါဆိုရင် သေတဲ့သူရဲ့စာရင်း လာမဖျက်ဘူးဆိုရင်။

“မဖျက်ရင် ပါမှာပဲပေါ့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013