DVB Logo
Home
မြန်မာသတင်း
မင်းအုပ်စိုးကို ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ရန် တရားရုံးက ဆုံးဖြတ်ချက်ချ
DVB
·
June 10, 2015
မင်းအုပ်စိုးကို ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ရန် တရားရုံးက ဆုံးဖြတ်ချက်ချ
Donate to DVB

သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ် သေဆုံးမှုအပေါ် သရုပ်ဆောင် မင်းအုပ်စိုးကို ပုဒ်မ ၃၀၂ (၂) နဲ့ စွဲချက်တင်ဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်တဲ့  ၁၇ ကြိမ်မြောက်ရုံးချိန်းမှာ  ရန်ကုန်အနောက်ပိုင်းခရိုင် တွဲဖက်ခရိုင်တရားသူကြီး ၃ ဒေါ်ကြည်ကြည်စိန်က ဆုံးဖြတ်ချက်ချလိုက်တာပါ။

နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်၊ သက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ မှုခင်းဆေးစစ်ချက်တွေအပေါ် အခြေခံပြီး ပုဒ်မ ၃၀၂ (၂) နဲ့ စွဲချက်တင်လိုက်တာလို့ သိရပါတယ်။

ဇွန် ၈ ရက်နေ့က ပြုလုပ်တဲ့ရုံးချိန်းမှာ တရားလိုရှေ့နေက ပုဒ်မ ၃၀၂ နဲ့ စွဲဖို လျှောက်လဲချက်တင်ခဲ့ပြီး မင်းအုပ်စိုးရဲ့ရှေ့နေက တရားစွဲဆိုခံရသူဟာ ပုဒ်မ ၃၀၂-၁- (က)၊ (ခ)၊ (ဂ) တို့နှင့် ငြိစွန်းခြင်းမရှိဘဲ ပုဒ်မ ၃၀၂-၂ နဲ့ စွဲချက်တင်ရင် အမှုဆက်လက်ရင်ဆိုင်သွားမယ်လို့ လျှောက်လဲချက်ပေးခဲ့ပါတယ်။

သေဆုံးသူမတေးနုယဉ်ရဲ့အစ်မဖြစ်သူ မသင်းသင်းမူကတော့ “သူ့ပြစ်မှုအတိုင်း မှန်မှန်ကန်ဖြစ်ဖို့ပဲ မျှော်လင့်တယ်။ ဒီဟာကို တို့ကတော့ တသက်တကျွန်း ထိ ဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ ဒါကကြိုတင်ကြံစည်မှုပဲလေ” လို့ ပြောပါတယ်။

သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ်ဟာ ၂၀၁၄ ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီက ဗဟန်းမြို့နယ် ဖိုးစိန်လမ်းက သရုပ်ဆောင် မင်းအုပ်စိုးရဲ့နေအိမ်မှာ ရင်ဘတ်၊ မျက်နှာနဲ့ ကျောဘက်တွေမှာ အညိုအမည်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းအုပ်စိုးကို ၂၀၁၅ ဇန်န၀ါရီ ၂၂ ရက်ကစပြီး အနောက်ပိုင်းခရိုင်တရားရုံးမှာ လူသတ်မှုနဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး ပုဒ်မ ၃၀၂ (၂) နဲ့ လာမယ့်ဇွန်လ ၁၇ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013