DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် လုံခြုံ​ရေး​အတွက် အ​မေရိကန် စိုး​ရိမ်
DVB
·
February 16, 2011
Donate to DVB

မြန်မာ​အစိုး​ရပိုင် သတင်း​စာ​တွေ​​က​နေ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်​ပါတီကို ခြိမ်း​ခြောက်မှု​တွေ လုပ်​နေတဲ့​​​အ​ပေါ် အထူး​​​စိုး​ရိမ်မိ ​ကြောင်း​နဲ့​ ဒီလုပ်ရပ်​တွေကို ကမ္ဘာက ဝိုင်း​ပြီး​ ရှုတ်ချ​သင့်​ကြောင်း​ အ​မေရိကန် အထက်​လွှတ်​တော်​အမတ်​​ခေါင်း​ဆောင် မစ်ခ်ျမက်​ကောနဲက ​ပြောကြား​​လိုက်ပါတယ်။

မစ်ခ်ျမက် ​ကောနဲဟာ မ​နေ့​ညက ​ဒေါ်​အောင်ဆန်း​စုကြည်ကို တယ်လီဖုန်း​နဲ့​ ဆက်သွယ် စကား​ပြောဆို အပြီး​ ခုလို ​ပြောကြား​လိုက်တာပါ။ တယ်လီဖုန်း​ပြောဆိုမှု အတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​ကိစ္စကို အဓိက ​ဆွေး​နွေး​ခဲ့​တာဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် အနီး​ကပ် ​စောင့်​ကြည့်​သွား​မယ်လို့​ မစ်ခ်ျမက်​ကောနဲက ​ပြောပါတယ်။ ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ စိတ်ဓာတ်တက်ကြွမှုနဲ့​ စိတ်အား​ထက် သန်မှု အပြည့်​ရှိ​နေပြီး​ မြန်မာပြည်သူ​တွေအတွက် အစွမ်း​ကုန်​ဆောင်ရွက်​ပေး​မယ့်​ ​ခေါင်း​ဆောင်​ကောင်း​ တဦး​ ဖြစ်တယ်လို့​လည်း​ မစ်ခ်ျမက်​ကောနဲလ်က ​ပြောဆို ​ကြောင်း​ ​အေအက်ဖ်ပီသတင်း​မှာ ​ဖော်ပြထား​ပါတယ်။ ဒီအ​ကြောင်း​နဲ့​ ပတ်သက်ပြီး​ အဖွဲ့​ချုပ်ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်ကို ​မေး​ကြည့်​တော့​ မစ်ခ်ျမက်​ကောနဲနည်း​အတူ ပါတီဝင်​တွေနဲ့​ မြန်မာပြည်သူ​တွေက လည်း​ သူတို့​ခေါင်း​ဆောင် ​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် စိုး​ရိမ်​နေကြတယ် လို့​ ​ပြောပါတယ်။ ဒါ​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် တာဝန်ယူ ​ဆောင် ရွက်​ပေး​နေတဲ့​ အ​ခြေအ​နေကို ​မေး​ကြည့်​တော့​ ဦး​အုန်း​ကြိုင်က ခုလို ​ပြောပြပါတယ်။ သတိက​တော့​ ထား​နေလျှက်ပါပဲ၊​ ဒါ​ပေမယ့်​ အထူး​သတိထား​ပြီး​ ​ဆောင် ရွက်​နေတယ် လို့​တော့​ မရှိပါဘူး​။ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ကိုယ်တိုင်ကလည်း​ ​ဆောင်ရွက်​နေတဲ့​ အလုပ်​တွေနဲ့​ ပတ်သက်လို့​ သူက ​ပြောရမယ်ဆိုရင် သူ့​စေတနာ က ပြည်သူလူထု​ကောင်း​စား​ဖို့​ လုပ်​နေတာ ဖြစ်တယ်။

သူမှန်တယ်လို့​ ယုံကြည်တာ ကို၊​ သူလုပ်ရမယ့်​ တာဝန်ရှိတာကို သူလုပ်​နေတာ ဖြစ်တယ်၊​ ဒါသူက သူ့​ကိုယ်သူ သာ အနစ်နာခံ​နေတယ်ဆိုတဲ့​ အသုံး​အနှုန်း​ကို​တောင်မှ သူကမသုံး​ဘူး​၊​ သူလုပ်ရ မယ့်​ အလုပ်​တွေ​ပေါ့​၊​ သူ့​ပုခုံး​ပေါ်မှာ ကျလာတဲ့​ ပြည်သူ့​အကျိုး​ပြုတာဝန်ကို သူ့​ဟာ သူ စွမ်း​စွမ်း​တမံ ထမ်း​ဆောင်​နေတာပဲ၊​ တတ်နိုင်သ​လောက် ထမ်း​ဆောင်​နေတာပဲ လို့​ အဲလို ​ပြောထား​တာပါ။ အဲ​တော့​ လုံခြုံ​ရေး​ဆိုတာက​တော့​ ရှိ​တော့​ ရှိ​ပေမယ့်​လို့​ ဒီထဲကပဲ သူလုပ်ရမယ့်​ အလုပ်ကို ပြည့်​ပြည့်​ဝဝ လုပ်​နေရတဲ့​ သ​ဘောပါပဲခင်ဗျာ။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီက​နေ့​မှာလည်း​ အ​မေရိကန် ယာယီ တာဝန် ခံသံမှူး​ကြီး​ လယ်ရီဒင်း​ငါး​နဲ့​ မြန်မာနိုင်ငံကို ​ရောက်​နေတဲ့​ ဖင်လန်နိုင်ငံ သံအမတ် ကြီး​တို့​ကို သူ့​ရဲ့​ ​နေအိမ်မှာ လက်ခံ ​တွေ့​ဆုံခဲ့​တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဒီ​နေ့​ အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဝါရှင် တန်က​နေ မကြာ​သေး​မီက ပြန်လည်​ရောက်ရှိလာတဲ့​ အ​မေရိကန် ယာယီတာဝန်ခံ မစ္စတာ လာလီဒင်း​ဂါး​ကို ​နေအိမ်မှာ မနက် ၁၀ နာရီခွဲက လက်ခံ​တွေ့​ဆုံပါတယ်။ ​နောက်​နေ့​လည် ၂ နာရီမှာ ဖင်လန်နိုင်ငံ သံအမတ်ကြီး​ မီး​ဇက်တင်ပါမရင်ပါ ဆိုတဲ့​ ပုဂ္ဂိုလ်ကို တနာရီကြာ လက်ခံ​တွေ့​ဆုံ ​ဆွေး​နွေး​သွား​ပါတယ်။ ​ဆွေး​နွေး​ချက်​တွေကို ​တော့​ ထုတ်ပြန်​ကြေညာခြင်း​ မရှိပါဘူး​။ ည​နေပိုင်း​မှာ​တော့​ ဗြိတိသျှသံရုံး​က လူမှုကူညီ​ထောက်ပံ့​ရေး​အဖွဲ့​က ကိုယ် စား​လှယ် ၃ ဦး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​တွေ့​ပြီး​ လူမှုကူညီ​ထောက်ပံ့​ရေး​ ကိစ္စ ​တွေ ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013