DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မား
DVB
·
June 10, 2015
မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မား
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်နေတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ဦးတင်ကိုကိုဦးက ပြောပါတယ်။

လသားအရွယ် ကလေးငယ်ကနေ ၁၀ နှစ်ဝန်းကျင်ကလေးတွေ အဖြစ်များတယ်လို့လည်း ပြောပါတယ်။

“ဟုတ်တယ်၊ အခုက တမြို့လုံးနီးနီးလောက်ကို ဖြစ်နေတယ်။ အခုဖြစ်နေတာက တပတ်ကျော် နှစ်ပတ်နီးပါးလောက်ရှိပြီ။ ဒါပေမယ့် ဆေးရုံမှာ လူနာတွေက တော်တော်များနေတယ်ဗျ။ ကလေးတွေဖြစ်တာ များတယ်ဗျာ။ လသားကနေပြီးတော့ ၁၀ နှစ်ဝန်းကျင် အရွယ်လေးတွေပေါ့။”

မြိတ်မြို့မှာ အရင်နှစ်တွေနဲ့ မတူတဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များနေတဲ့အတွက် ဆေးရုံဝန်ထမ်းတွေနဲ့ မလုံလောက်သလို ရှိတဲ့ဝန်ထမ်းတွေလည်း နေ့မနားရ၊ ညမအိပ်ရ ဖြစ်ကုန်ပြီလို့ မြိတ်မြို့ခံတွေက ပြောပါတယ်။

တပတ်အတွင်းမှာဆိုရင် သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတက်ရတဲ့လူနာ ၃၀၀ အထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ မြိတ်မြို့နယ် ပြည်သူ့ဆေးရုံကို ဆက်သွယ်မေးမြန်းရာမှာတော့ မနှစ်ကထက်စာရင် ဒီနှစ်က အဖြစ်များတယ်လို့ တာဝန်ကျ အရာတဦးက ပြောဆိုပေမယ့် အသေးစိတ်ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး မြို့ခံလူငယ်တွေက ပူးပေါင်းပြီး ခြင်ဆေးတွေ အခမဲ့ လိုက်လံဖြန့်ဝေတာ လုပ်ဆောင်နေပါတယ်။

မြို့ပေါ်မှာ မြောင်းတွေပိတ်ပြီး ရေဆိုးရေညစ်တွေ များတဲ့အတွက် ခြင်တွေများလာပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များလာရတာလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013