DVB Logo
Home
မြန်မာသတင်း
ရွှေဈေး၊ ဒေါ်လာဈေး ထပ်တက်၊ မန္တလေးဈေးကွက်မဖွင့်နိုင်
DVB
·
June 10, 2015
ရွှေဈေး၊ ဒေါ်လာဈေး ထပ်တက်၊ မန္တလေးဈေးကွက်မဖွင့်နိုင်
Donate to DVB

ရက်ပိုင်းအတွင်း တရှိန်ထိုးတက်လာတဲ့ ရွှေနဲ့ ဒေါ်လာဈေးဟာ ဒီနေ့မှာ ကျပ်  ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။

မန္တလေးမှာတော့ ဒီနေ့ နေ့လယ်အထိ ဈေးကွက် မဖွင့်နိုင်သေးဘူးလို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

"ရန်ကုန်ဈေးက တက်နေတော့ ဒီမှာက အရောင်းအ၀ယ်မရှိဘူး" လို့ ပြောပါတယ်။ မနေ့ညနေကတော့ မန္တလေး ရွှေဈေးဟာ ၇၇၇၀၀၀ ကျပ်နဲ့ ဈေးကွက်ပိတ်ခဲ့တာပါ။

ရန်ကုန် ဈေးကွက်မှာတော့ ၇၈၄၀၀၀ နဲ့ ဈေးကွက်ဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းမှာ ၈၀၀၅၀၀ ကျပ်အထိဖြစ်ပြီး ဈေးကွက်ပိတ်သွားပါတယ်။

ဒေါ်လာဈေးကတော့ Money Changer တွေမှာ ၀ယ်ဈေး ၁၁၁၂ ကျပ် နဲ့ ရောင်းဈေး ၁၁၁၄ ကျပ်ဖြစ်ပါတယ်။

"လာရောင်းမယ့်သူက မရှိသလောက်ပဲ။ အဲဒါကြောင့် ကျနော်တို့လည်း ပြန်ရောင်းပေးလို့ မရဘူး" လို့ ကမ္ဘောဇဘဏ်ရဲ့ မားကက်တင်း မန်နေဂျာ ဦးသက်ကိုကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။

ပြင်ပပေါက်ဈေးကတော့ ဒီနေ့မနက် ဈေးကွက်ဖွင့်ချိန်မှာ ၁၂၃၇ ကျပ်ဖြစ်ပြီး နေ့လယ်မှာတော့ ၁၂၉၀ ကျပ် အထိ တက်သွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013