DVB Logo
Home
မြန်မာသတင်း
တရုတ်ကွန်မြူနစ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ
DVB
·
June 10, 2015
တရုတ်ကွန်မြူနစ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ထွက်ခွာ
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး ဒီကနေ့ မနက် အစောပိုင်းက ထွက်ခွာသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ဘန်ကောက်လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြိုက တဆင့် တရုတ်နိုင်ငံ ပေကျင်းကို ထွက်ခွာသွားတာဖြစ်ပြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ  အဖွဲ့ချုပ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနဲ့  အဖွဲ့ချုပ် ဥက္ကဋ္ဌရုံး တာဝန်ခံ ဒေါက်တာတင်မာအောင်တို့  လိုက်ပါသွားပါတယ်။

ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက်ထိ ၅ ရက်ကြာ ခရီးစဉ်အတွင်းမှာ တရုတ်သမ္မတ ရှိကျင်ပင်း၊ ၀န်ကြီးချုပ် လီကီချန်းတို့ အပါအ၀င် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကို မြန်နိုင်ငံဆိုင်ရာ တရုတ်သံမတ်ကြီးနှင့် အဖွဲ့ချုပ် နာယက ဦးတင်ဦး အပါအ၀င် ပါတီတာဝန်ရှိသူတွေ လေဆိပ်မှာ ပို့ဆောင်ခဲ့ကြတယ်လို့ အဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်လီက ဒီခရီးစဉ်ဟာ နှစ်ဖက်ဆက်ဆံရေးနဲ့ နားလည်မှု တိုးပွားလာနိုင်ဖို့နဲ့ တရုတ်-မြန်မာ ဘက်စုံ မိတ်ဖက်ပူးပေါင်းဆက်ဆံရေး တိုးမြှင့်နိုင်ရန် အတူဆောင်ရွက်သွားဖို့ မျှော်လင့်တယ်လို့ ပေကျင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013