DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားခရီးသည် ၀င်ရောက်နှုန်းမြင့်မားပေမယ့် ကြော်ငြာလုပ်ငန်း အားနည်းနေ
DVB
·
June 10, 2015
နိုင်ငံခြားခရီးသည် ၀င်ရောက်နှုန်းမြင့်မားပေမယ့် ကြော်ငြာလုပ်ငန်း အားနည်းနေ
Donate to DVB

အခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်း အရင်နှစ်တွေထက် ပိုမိုမြင့်တက်လာပေမယ့် ခရီးသွားလုပ်ငန်းဝင်ငွေတွေက နည်းနေပါသေးတယ်။

နိုင်ငံခြားခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်း မြင့်တက်လာဖို့ ဈေးနှုန်းသင့်တင့်တဲ့ ဟိုတယ်တွေနဲ့ နိုင်ငံခြားဧည့်သည်တွေကို စွဲဆောင်ဖို့ ကြော်ငြာလုပ်ငန်း အားနည်းချက်တွေ ရှိနေသေးတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံခြားခရီးသွား ဧည့်သည်တွေ လာရောက်လည်ပတ်ရာမှာ ကြယ် ၄ ပွင့်၊ ၃ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်တွေလည်း လိုအပ်နေပါတယ်။

ဒါ့အပြင် နိုင်ငံခြားဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ကြော်ငြာလုပ်ငန်း အားနည်းနေသေးတယ်လို့ နိုင်ငံခြားခရီးသွား လုပ်ငန်းရှင်တချို့က ပြောဆိုပါတယ်။

မလေးရှား-တရုတ် ကုန်သည်ကြီးများအသင်း၊ ဒု-ဥက္ကဋ္ဌ Mr. Kerk Liing Sing က “အာဆီယံ ၁၀ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပေမယ့် မလေးရှား- တရုတ်ခရီးသွားလုပ်ငန်းတွေကိုတော့ အရင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားပါ့မယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်။ နောင်မှာ အာဆီယံ ၁၀ နိုင်ငံ ခရီးသွားလုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားဖို့လည်း အလေးထား ဆောင်ရွက်သွားမှာပါဗျာ” လို့ ပြောပါတယ်။

ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် အာဆီယံ ၁၀ နိုင်ငံ ခရီးသွားလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အတွက်ကိုလည်း စတင်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ မလေးရှားနဲ့ တရုတ်တို့ရဲ့ ခရီးသွားလုပ်ငန်းအဖြစ် Malaysia-China Chamber of Commerce (MCCC) ကို အရင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံထဲကို ခရီးသွားဧည့်သည်တွေ ၀င်ရောက်လာမှုက ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် ဒီ့ထက်ပိုပြီး ခရီးသွားလုပ်ငန်းတွေ အောင်မြင်ဖို့ အကြံပြုချင်တာကတော့ နိုင်ငံခြားသားတွေ စိတ်ဝင်စားနိုင်တဲ့ ရွှေတိဂုံဘုရားတို့၊ ပုဂံဘုရားတို့လို ဆွဲဆောင်နိုင်တဲ့နေရာတွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ကြော်ငြာလုပ်ငန်းတွေကို ဒီ့ထက် ပိုမိုလုပ်ဆောင်သင့်တယ်လို့ ထင်တယ်။ မြန်မာနိုင်ငံမှာ 3 Star, 4 Star အဆင့်ရှိတဲ့ဟိုတယ်တွေလည်း လုံလုံလောက်လောက်ထားရှိသင့်ပါတယ်။ မြန်မာနိုင်ငံကဟိုတယ်ဈေးနှုန်းတွေက နိုင်ငံတကာနီးပါးလောက်ကို ရှိနေတာပါဗျာ။”

မြန်မာနိုင်ငံတွင်း ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်းဟာ အရင်ထက်မြင့်တက်ခဲ့ပေမယ့် နိုင်ငံခြားဧည့်သည်တွေအတွက် ကုန်ကျစရိတ်ဟာ နိုင်ငံတကာစံနှုန်းများနည်းတူ မြင့်တက်တေယ်လို့ နိုင်ငံတကာခရီးသွားလုပ်ငန်းရှင်တချို့က ပြောပါတယ်။

ဒါ့အပြင် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသည် ၃ဒသမ ၀၈ သန်းဝန်းကျင်အထိ လာရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013