
အီရန်ကို လိုအပ်ပါက အပြင်းအထန် တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးလိုက်ပါတယ်။
အီရန်ဟာ ဆွေးနွေးပွဲလုပ်ဖို့ ဆက်သွယ်ခဲ့တာဖြစ်ပြီး ညှိနှိုင်းမှုတွေ မအောင်မြင်ပါက ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ များပြားတဲ့ အကျိုးဆက်တွေ ခံစားရမှာဖြစ်တယ်လို့ ထရမ့်ပ်က Fox News နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ထရမ့်ပ်က “သူတို့က ကျနော့်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ကျေးဇူးပြုပြီး ဆွေးနွေးနိုင်မလားလို့ မေးပါတယ်။ ကျနော်ကလည်း Yes လို့ပြောပြီး ဆွေးနွေးနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စပြီးဆုံးအောင် ကျနော်တို့ ဆွေးနွေးကြမှာပါ။ တခြားသမ္မတတွေဆို နှစ် ၅၀ ကျော်လောက် လုပ်ရမဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အီရန်သာ နျူကလီးယားလက်နက် ရမယ်ဆိုရင် ကမ္ဘာတခုလုံး အန္တရာယ်ရှိနိုင်တာကြောင့် ကျနော် အခုလိုလုပ်ခဲ့ရတာပါ” လို့ ပြောပါတယ်။
Fox News က ဂလက်ဂျာက အီရန်ကသာ နောက်တခါ ထပ်ပြီး နောက်ပြန်လှည့်ခဲ့ရင်ရော ဆိုတဲ့ မေးခွန်းကို “နောက်တခါ ထပ်ပြီး နောက်ပြန်လှည့်တာမျိုး လုပ်ရင် သူတို့ အပြင်းအထန် တိုက်ခိုက်ခံရမှာပါ။ ဒါကို သူတို့နားလည်သလို သူတို့သိပါတယ်” လို့ ထရမ့်ပ်က ဖြေကြားပါတယ်။
ကာတာနိုင်ငံရဲ့ အင်္ဂါနေ့မှာ ပြောကြားချက်က ညှိနှိုင်းသူတွေက အမေရိကန်-အီရန်စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားနေသလို ရေနံဈေးနှုန်းတွေ ကျဆင်းဖို့ လုပ်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ရေနံဈေးနှုန်းတွေ ကျဆင်းနေချိန်မှာ ဟော်မုဇ်ရေလက်ကြားကို မဖွင့်ဘူးဆိုရင် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ထရမ့်ပ်က ပြောတဲ့အကြောင်းလည်း ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။
စစ်ပွဲသဘောတူညီမှုရမယ်လို့ မျှော်လင့်ချက်တွေကြောင့် လက်ရှိရေနံဈေးနှုန်းဟာ ၃ ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းလာပါတယ်။
လက်ရှိ ဘရန့်ရေနံဈေးနှုန်းဟာ တစည်ကို ဒေါ်လာ ၈၀ အောက် ကျဆင်းလာပြီး ဗုဒ္ဓဟူးနေ့မှာ ဆက်ပြီး ကျဆင်းနေပါတယ်။
Source:Reuters










