DVB Logo
Home
မြန်မာသတင်း
၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ၄ ဦး ဂုဏ်ထူးများဖြင့် အောင်မြင်
DVB
·
June 9, 2015
၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ၄ ဦး ဂုဏ်ထူးများဖြင့် အောင်မြင်
Donate to DVB

၂၀၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းက စာမေးပွဲ ၀င်ရောက်ဖြေဆိုသူ စုစုပေါင်း ၆ ဦးရှိတဲ့အနက် ၄ ဦးအောင်မြင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ ကျောင်းသားဦးရေ ၄ ဦးစလုံးဟာလည်း ဂုဏ်ထူးတွေနဲ့အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်ကြည်ကြည်ဦးက “ကျောင်းသား အားလုံးပေါင်း ၆ ယောက်ဖြေဆိုခဲ့ရာမှာ ယောက်ျားလေး ၄ ယောက်နဲ့မိန်းကလေး တစ်ယောက်ဖြေဆိုခဲ့ပါတယ်။”လို့ပြောပြပါတယ်။

အောင်မြင်ခဲ့တဲ့ကျောင်းသားလေးယောက်မှာ မောင်ကောင်းစံက ပထ၀ီ၊ သမိုင်းနဲ့ ဘောဂဗေဒ ဘာသာရပ်ဂုဏ်ထူးများ၊ မောင်စည်သူထွန်းနဲ့ မောင်အောင်ထွန်းလင်း တို့က သမိုင်းနဲ့ ဘောဂဗေဒ ဘာသာရပ်ဂုဏ်ထူးတွေ ရရှိခဲ့ပြီး မောင်သန်းထွန်းဦး ကတော့ သမိုင်းဘာသာရပ်မှာ ဂုဏ်ထူးတွေရရှိခဲ့ကြတာပါ။

မျက်မမြင်ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုခဲ့ရာမှာ အင်္ဂလိပ်စာနဲ့ သချာင်္ဘာသာရပ်တွေက အခက်ခဲဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအခက်အခဲတွေနဲ့ပတ်သက်ပြီး နှစ်ဘာသာဂုဏ်ထူးရှင် မောင်စည်သူထွန်းက “အခက်ခဲဆုံးကတော့ အစဉ်အဆက်ညီအစ်ကိုတွေ ခက်ခဲနေတာကတော့ သင်္ချာပေါ့လေ။ ဒုတိယကတော့ အင်္ဂလိပ်ပေါ့။ အခက်အခဲတွေက ကလေးကိုနားလည်အောင်ပြောဖို့ရယ် ကိုယ်ကိုယ်တိုင်လျင်လျင်မြန်မြန်တွက်နိုင်ဖို့ရယ်နှစ်ခု ကျနော်တို့က လုပ်ရတာပေါ့။ မေးခွန်း ဖတ်တာနဲ့ ကိုယ်ကိုယ်တိုင်အဖြေကို ဘယ်လိုတွေ့အောင်ရှာမလဲ၊ ပြီးရင်ကလေးကို ဘယ်လိုမြန်မြန်တွက်နိုင်အောင် ပြောပြရမလဲအဲလို ကျနော်တို့က လေ့ကျင့်ခဲ့ရ ပါတယ်” လို့ပြောပြခဲ့ပါတယ်။

မျက်မမြင်ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရာမှာ သူတို့ထက် တတန်းငယ်တဲ့ သာမန်နဝမတန်းကျောင်းသားတွေရဲ့ အကူအညီနဲ့ ဖြေဆိုကြရတာဖြစ်ပါတယ်။ ဖြေဆိုချိန်ကို သာမန်ကျောင်းသားတွေထက် နာရီဝက်ခန့် ပိုပေးထားပေမယ့်လည်း မေးခွန်းလွှာကို တတန်းငယ်တဲ့ ကျောင်းသားက ဖတ်ပေးတဲ့အတွက် အပြည့်အဝနားလည်ဖို့ ခက်ခဲတာကြောင့် မေးခွန်းလွှာတွေမှာ မျက်မမြင်စာထည့်သွင်းပေးစေချင်တယ်လို့ မျက်မမြင် ကျောင်းသားတွေက ပြောပါတယ်။

၃ ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစံက “ဖြစ်နိုင်ရင်တော့ ကျနော် မေးခွန်းတွေကို မျက်မမြင်စာနဲ့ထုတ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ-အဓိကအားဖြင့်တော့ အင်္ဂလိပ်စာနဲ့သင်္ချာပေါ့။ ကလေးဖတ်ပြတာဆိုတော့ ကလေးက  Inverse ဆိုရင်တခါတလေ ကျမသိတာတွေရှိတယ်။ အသံထွက်ကြီးနဲ့ ဖတ်ပြတာဖြစ်တဲ့အတွက် စာလုံးပေါင်းပြီး ဖတ်ပြတာဖြစ်တဲ့အတွက် စာလုံးပေါင်းလည်းမသိ၊ ဘာမသိဆိုတော့ တခါတလေကျရင် ကြောင်တောင်တောင်ကြီးဖြစ်သွားရော။ ကိုယ့်ဟာကိုယ်သာစမ်းပြီး ဖတ်လို့ရမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေပါတယ်” လို့ပြောပြခဲ့ပါတယ်။

၁၉၇၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကနေ ဘွဲ့ရကျောင်းသား အရေအတွက်ဟာ  ၂၇ ဦးအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ ကျောင်းသား ၆ ယောက် ဖြေဆိုရာမှာ ၄ ယောက်အောင်မြင်ခဲ့တဲ့အတွက် အောင်ချက်ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းကျော် ရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013