DVB Logo
Home
မြန်မာသတင်း
မြန်မာ့မြေဈေးကြီးမြင့်မှုကြောင့် ထိုင်းစားသောက်ကုန်လုပ်ငန်းစု ရင်းနှီးမြှုပ်နှံရန် ဖျက်သိမ်း
DVB
·
June 9, 2015
မြန်မာ့မြေဈေးကြီးမြင့်မှုကြောင့် ထိုင်းစားသောက်ကုန်လုပ်ငန်းစု ရင်းနှီးမြှုပ်နှံရန် ဖျက်သိမ်း
Donate to DVB

ထိုင်းနိုင်ငံစားသောက်ကုန်ဈေးကွက် ဦးဆောင်လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဆာဟာလုပ်ငန်းစုဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့မြေဈေးကြီးမြင့်မှုကြောင့် မြန်မာပြည်မှာလုပ်ဆောင်မယ့် သူတို့ရဲ့ စက်မှုမြေယာဖွံ့ဖြိုးမှုစီမံကိန်းကို ဖျက်သိမ်းလိုက်ပါတယ်။

ဆာဟာလုပ်ငန်းစုဥက္ကဋ္ဌ ဘွန်ဆီသီ ချော့ဝါ့တနာက လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြန်မာပြည်မှာ ၁၀၀၀ ရိုင်(ဧက ၄၀၀ နီးပါး) အကျယ်အအ၀န်းရှိတဲ့ စက်မှုမြေယာဖွံ့ဖြိုးမှု စီမံကိန်း ဖြစ်နိုင်ချေဆန်းစစ်မှုတွေလုပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ သူတို့အနေနဲ့ အဲဒီစီမံကိန်းကို ဆက်မလုပ်တော့ဘူးလို့ ဘန်ကောက်ပို့စ်သတင်းစာကို ပြောခဲ့ပါတယ်။

သူက “အဲဒီ(မြန်မာပြည်)မှာ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်တွေ များလွန်းတဲ့အတွက် ကျနော်တို့ ကိုယ်ပိုင် စက်မှုဇုန်တခုလုပ်မယ့်စီမံကိန်းကို မလုပ်နိုင်တော့ပါဘူး။ မြေဈေးက အရမ်းကြီး လွန်းတယ်”လို့ပြောခဲ့ပါတယ်။

အကယ်၍ သူတို့လုပ်ငန်းစုအနေနဲ့ အဲဒီစက်မှုဇုန်စီမံကိန်းကို ဆက်ပြီးလုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်မှာ အနည်းဆုံး နှစ် ၃၀ မြေငှားရမ်းမှုလုပ်ရမှာဖြစ်ပြီး ငွေကြေးပမာဏ အမြောက်အမြား သုံးစွဲရမယ်လို့လည်း  သူကဆိုပါတယ်။

ဆာဟာလုပ်ငန်းစုအနေနဲ့ မြန်မာပြည်မှာ လုပ်ဆောင်မယ့်သူတို့ရဲ့စီးပွားရေးဗျူဟာကို ပြောင်းလဲသွားမှာဖြစ်ပြီး စက်မှုဇုန်တွေမှာစက်ရုံ ဆောက်ဖို့အတွက် ငှားရမ်းမယ့်မြေကွက်တွေကို မြန်မာအစိုးရနဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဖက်စပ်လုပ်ကိုင် သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းစုဟာ တပ်ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိပြီးဖြစ်တဲ့ ထိုင်း-မြန်မာကုန်သွယ်မှုဌာနကိုလည်း ဆက်လက် အသုံးပြုသွားမယ်လို့ဆိုပါတယ်။

မဲဆောက်မြို့ဟာ ထိုင်းနိုင်ငံရဲ့ အထူးစီးပွားရေးဇုန်သစ်တွေထဲက တခုအပါအ၀င်ဖြစ်ပါတယ်။

ဆာဟာလုပ်ငန်းစုဟာ မဲဆောက်မြို့ရဲ့ ၂၀၀ ရိုင်(ဧက ၈၀ နီးပါး)မြေနေရာပေါ်မှာ အမျိုးသမီး အတွင်းခံ၊ အ၀တ်အထည်နဲ့ ခြေအိတ်စတဲ့ပစ္စည်းတွေ ထုတ်လုပ်တဲ့အထည်ချုပ်စက်ရုံ ၃ ခုနဲ့ လည်ပတ်နေတာပါ။

အခုအချိန်မှာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကျဆင်းနေပေမယ့်လည်း လုပ်ငန်းစုအနေနဲ့ အိမ်ခြံမြေ လုပ်ငန်းနဲ့သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေလို ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ပြည်တွင်း ဈေးကွက်မှာ ဆက်လက်လုပ်ဆောင်နေပြီး ဂျပန်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ထိုင်းဘတ်ငွေသန်း ၂၀၀ ကနေ ၃၀၀ ထိရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။

“စားသုံးသူတွေရဲ့ ၀ယ်နိုင်စွမ်းအားက အရင်အတိုင်းပြန်ဖြစ်မလာသေးပါဘူး” လို့ ဆာဟာလုပ်ငန်းစုဥက္ကဋ္ဌ ဘွန်ဆီသီ ချော့ဝါ့တနာက ဆိုပါတယ်။

ဆာဟာလုပ်ငန်းစုဟာ လာမယ့် ဇွန်လ ၂၅ ရက်ကနေ ၂၈ ရက်နေ့ထိ ဘန်ကောက်မြို့၊သီရိခေတ် ဘုရင်မကွန်ဗင်းရှင်းစင်တာမှာ သူတို့ရဲ့ ၁၉ ကြိမ်မြောက်ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်သွားဖို့ ရှိတယ်လို့လည်း  မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြခန်းပေါင်း ၁၀၀ ကျော် ပြသသွားမှာဖြစ်ပြီး သူတို့ရဲ့ထုတ်ကုန်တွေကို အထူးဈေးနှုန်းများ၊ အိမ်တိုင်ရာရောက် ၀န်ဆောင်မှုတွေပေးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013