DVB Logo
Home
မြန်မာသတင်း
မိုင်းတုံရေကာတာစီမံကိန်း ဖျက်သိမ်းရန် ရှမ်းလူမှု အခြေပြုအဖွဲ့များ တောင်းဆို
DVB
·
June 9, 2015
မိုင်းတုံရေကာတာစီမံကိန်း ဖျက်သိမ်းရန် ရှမ်းလူမှု အခြေပြုအဖွဲ့များ တောင်းဆို
Donate to DVB

ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် မိုင်းတုံရေကာတာစီမံကိန်းကို ချက်ချင်း ဖျက်သိမ်းဖို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်ပြည်သူလူထု လှုပ်ရှားမှုအဖွဲ့ကနေပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ  နိုင်ငံတကာ သတင်းထောက်ကလပ်မှာ သတင်းစာရှင်းပွဲပြုလုပ်ပြီး ပြောခဲ့ပါတယ်။

မိုင်းတုံ ရေကာတာစီမံကိန်းနဲ့ပတ်က်ပြီး ကွင်းဆင်းလေ့လာတဲ့အဖွဲ့တွေအနေနဲ့ ဒီရေကာတာ တည်ဆောက်မှုတခုတည်းကိုသာ အဓိကထားပြောဆိုနေပြီး  ရေကာတာရဲ့ ကောင်းကျိုးကိုသာ ဦးတည်ပြောသလို ဆိုးကျိုးကို ပြောဆိုတာမရှိတဲ့အပြင် ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်လည်း ကန့်ကွက်ရတာဖြစ်တယ်လို့ ရှမ်းလူထုအခြေအပြုဖွဲ့က ပြောခွင့်ရသူ စိုင်းခေးဆိုင်က ပြောပါတယ်။

“EIA/SIA လာလုပ်တဲ့ SMEC EIA/SIA ကုမ္ပဏီပေါ့နော်။ သူတို့က ရွာသားတွေကို မေးတဲ့အချိန်မျာ သူတို့ ပြောထားတဲ့အတိုင်းမလုပ်ဘူးပေါ့နော်။ နောက်ပြီး သူတို့ ရွာထဲကို ဆင်းပြီးတော့မှာ ရွာသားတွေက လက်မခံပါဘူးလို့ ပြောပြီးပြီ။ ရှေ့ဆက်မလုပ်ဖို့လည်း ရွာသားတွေက တားတယ်ပေါ့။ နောက်ပြီးတော့ ရွာသားတွေ နားမလည်တဲ့အရာကိုရှင်းပြပြီး  ဆိုင်းထိုးခိုင်းတယ်။ နောက်ပြီး ရွာသားတွေနဲ့ သွားတွေ့ဆုံတဲ့အချိန်မှာ ကုမ္ပဏီက အချိန်နည်းနည်းပဲ ပေးတယ်။ မေးခွန်းမေးဖို့အချိန်တောင် သိပ်မရလိုက်ဘူးပေါ့နော်။ ဆွေးနွေးဖို့ အချိန်တောင်မရှိဘူးပေါ့။ အဲဒါကြောင့်မို့လို့ မိုင်းတုံရေကာတာစီမံကိန်းကို ရှေ့ဆက်မတိုးဖို့ ရပ်တန့်ဖို့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ရခြင်း ဖြစ်တယ်။ ’’

မိုင်းတုံရေကာတာစီမံကိန်းဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးရေကာတာစီမံကိန်းဖြစ်ပြီး ရေအားလျှပ်စစ် ၇၀၀၀ မီကာဝပ်ထွက်ရှိမှာဖြစ်ပေမယ့်  ၉၀ ရာခိုင်နှုန်းကိုထိုင်းနဲ့ တရုတ်နိုင်ငံကို တင်ပို့ရောင်းချမှာဖြစ်တယ်လို့ စိုင်းခေးဆိုင်က ပြောါပတယ်။

ဒါ့အပြင် မိုင်းတုံရေကာတာဆိုက်ကို ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေ အများအပြား လှုပ်ရှားရာဧရိယာဖြစ်နေပြီး ရေလောင်တမံ ဆိုက်ဘက်ဝန်းကျင် မှာလည်း အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိနေတဲ့ နေရာဖြစ်တယ်လို့ ရှမ်းလူမှုအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရေလွှမ်းနိုင်မှုဧရိယာတွင်းမှာ  ၁၉၉၆-၉၈  ခုနှစ်တွင် မြန်မာစစ်တပ်တို့ အာဏာသုံး မောင်းထုတ်ဖျက်သိမ်းဆည်းလိုက်မှုကြောင့် ရှမ်းပြည်နယ် အလယ်ပိုင်း ဒေသခံရပ်သူ၊ ရွာသား ၃ သိန်းကျော်တို့ အိုးအိမ် စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိကျန်ရှိနေသေးတဲ့ ရွာမှာလည်း မြန်မာစစ်တပ်မှ အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေ တယ်လို့ ဆိုပါတယ်။

မိုင်းတုံရေကာတာကို တရုတ်နိုင်ငံက Three Gorges Corporation၊ China Southern Power Grid၊ Sinohydro၊ ထိုင်းနိုင်ငံက the Electricity Generating Authority နဲ့ the International Group of Entrepreneurs Co. (Myanmar) တို့ ဖက်စပ်ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013