DVB Logo
Home
မြန်မာသတင်း
ကလေးစွန့်ပစ်မှုနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးခံရ
DVB
·
June 9, 2015
ကလေးစွန့်ပစ်မှုနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဖမ်းဆီးခံရ
1 / 3
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား မိန်းကလေးတဦး မိမိရင်သွေးကို စွန့်ပစ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_96861" align="alignright" width="338"]558000006729403 ဓာတ်ပုံ - manager.co.th[/caption]

ချင်းမိုင်ခရိုင် မယ့်ရင်းမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အသက် ၂၇ နှစ်ရွယ် မြန်မာ အလုပ်သမား နန်းဥစန္ဒကို ဇွန်လ ၈ ရက်နေ့က အငှားအိမ်ခန်းတခုမှာ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ တာဝန်ကျ ဒု-ရဲမှူး ယုထကန်မေထာက သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင် ဇွန်လ ၇ ရက်နေ့ မနက်က မယ့်ဆာရပ်ကွက် အိမ်တအိမ်ရှေ့ အုတ်ခုံပေါ်မှာ ဆန်ဆိုင်းဆေးရုံတံဆိပ်အနှီးနဲ့ ထုတ်ထားတဲ့ မွေးကင်းစ ယောက်ျးကလေးငယ်တဦး လာပစ်ထားတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေက ရဲစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းက အဲဒီအနီးနား ၀န်းကျင်တ၀ိုက်ကို လိုက်လံစုံစမ်းရှာဖွေရာမှာ မယ့်ရင်းမြို့ မယ့်ဆာရပ်ကွက် အိမ်ခန်းတခုမှာ ငှားနေတဲ့ နန်းဥစန္ဒကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ရှမ်းပြည်တောင်ပိုင်း နမ့်စမ်မြို့ကနေ ထိုင်းမှာ အလုပ်လာလုပ်တာဖြစ်ပြီး ကလေးကို ကျွေးမွေးပြုစုနိုင်စွမ်းမရှိတဲ့အတွက် လာပစ်ထားတာလို့ ရဲစခန်းမှာ ထွက်ဆိုဝန်ခံသွားပါတယ်။

သူ့ကို မဲ့ရင်းရဲစခန်းက ကလေးစွန့်ပစ်မှုနဲ့ အမှုဖွင့် အရေးယူထားပြီး ကလေးကိုတော့ နခွမ်းဖင်းဆေးရုံက တာဝန်ယူ စောင့်ရှောက်ထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013