
ကရင်နီပြည်တပ်မတော်ရဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ စက်တင်ဘာ ၂၇ ရက်မှာ ကွယ်လွန်သွားတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ပါတယ်။
ကရင်နီပြည်တပ်မတော်ရဲ့ ဒု-စစ်ဦးစစ်ချုပ် တာ၀န်အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ အမြဲတမ်း ပါတီဗဟိုကော်မတီ၀င်အနေနဲ့လည်း တာ၀န်ထမ်းဆောင်နေသူ ဗိုလ်မှူးကြီးဘုန်းနိုင်ဟာ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ကရင်နီတော်လှန်ရေး သမိုင်းတလျှောက် နှစ်ပေါင်းကြာရှည်စွာ ဦးဆောင်နေတဲ့ ဗိုလ်မှူးကြီး ဘုန်းနိုင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီး သူရဲ့ ရုပ်ကလာပ်ကို စက်တင်ဘာ ၃၀ ရက်မှာ ထိုင်း-ကရင်နီ နယ်စပ်တနေရာမှာ မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်တယ်လို့လည်း KNPP က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်ကလည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်အောင်ဆန်းမြင့် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။










