DVB Logo
Home
မြန်မာသတင်း
မားစ်ရောဂါကာကွယ်ရေး မြန်မာပြည်မှာ စတင်ဆောင်ရွက်နေ
DVB
·
June 9, 2015
မားစ်ရောဂါကာကွယ်ရေး  မြန်မာပြည်မှာ  စတင်ဆောင်ရွက်နေ
1 / 2
Donate to DVB

အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေမှာ စတင်ခဲ့ပြီး ကူးစက်နှုန်းမြန်ဆန်တဲ့ မားစ်ရောဂါကို မြန်မာနိုင်ငံတွင်း ကူးစက်မလာစေဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင် စောင့်ကြည့်တာတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။

MERS-Myanmar03ဒီအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၈ ရက်နေ့က နေပြည်တော် ကျန်းမာရေးဦးစီးဌာနရုံးမှာ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒု-၀န်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိ တောင်ကိုရီးယားမှာ ကူးစက်တာကတော့ အရှေ့အလယ်ပိုင်းဒေသရဲ့ ပြင်ပမှာဖြစ်တဲ့ အကြီးမားဆုံး ကပ်သဖွယ် ဖြစ်တယ်လို့ ပြည်ထောင်စု ဒု-၀န်ကြီးက ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက "နိုင်ငံခြားကလာတဲ့ လေကြောင်းနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ အပူချိန်တိုင်းတာ စစ်ဆေးနေတယ်။'' လို့ ပြောပါတယ်။

ရောဂါသံသယလူနာကို တွေ့ရှိခဲ့ရင်လည်း မြို့နယ်အဆင့် ဆေးရုံတွေမှာပါ ကုသနိုင်ဖို့ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

မားစ်ရောဂါဟာ ၂၀၁၂ ခုနှစ်က စတင်ခဲ့ပြီး ၂၅ နိုင်ငံကို ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လူ ၁၃၀၀ ကျော် ကူးစက်ခံခဲ့ရပြီး လူပေါင်း ၄၅၀ လောက် သေဆုံးခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီရောဂါကူးစက်ခံရသူပေါင်း ၁၀၀ နီးပါးရှိနေပြီဖြစ်ပြီး ရောဂါကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

မားစ်ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် သက်ဆိုင်ရာ တခြားဝန်ကြီးဌာနတွေ ပါဝင်တဲ့ အစည်းအဝေး တခုကိုလည်း မကြာခင်ရက်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013