DVB Logo
Home
မြန်မာသတင်း
အွန်လိုင်း စီးပွားရေးဆိုင်ရာ ဥပဒေ ထွက်ပေါ်ရန် လိုအပ်
DVB
·
June 8, 2015
အွန်လိုင်း စီးပွားရေးဆိုင်ရာ ဥပဒေ ထွက်ပေါ်ရန် လိုအပ်
Donate to DVB

စီးပွားရေးဆိုင်ရာလုပ်ငန်းတွေကို အွန်လိုင်းကနေ E-Commerce စနစ် ဆောင်ရွက်နိုင်ဖို့အတွက် ခိုင်မာတဲ့ဥပဒေတခု ရှိသင့်တယ်လို့ အိုင်တီပညာရှင်တချို့က အကြံပြုထားပါတယ်။

လက်ရှိကာလမှာ အွန်လိုင်းကို အသုံးပြုပြီး စီးပွားဖြစ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ များလာတဲ့အချိန်မှာ ဝယ်သူနဲ့ရောင်းသူကြား ယုံကြည်မှုနဲ့သာ လုပ်ကိုင်နေရတဲ့အတွက် ဖြေရှင်းရတဲ့ ပြဿနာတွေ များနေပါတယ်။ ဒီလိုကိစ္စရပ်တွေ ကာကွယ်ဖို့အတွက် အွန်လိုင်းကနေ စီးပွားရေးလုပ်နေမှုတွေကို အသိအမှတ်ထားတဲ့ ဥပဒေတခု ထွက်ဖို့လိုအပ်နေတယ်လို့ အိုင်တီပညာရှင်တချို့က သုံးသပ်ပါတယ်။

“E-Commerce အတွက် Legal Framework မရှိသေးလို့၊ ဒီအတိုင်း နားလည်မှုသက်သက်၊ ယုံကြည်မှုသက်သက်နဲ့ လုပ်နေတဲ့အတွက် ဒီပြဿနာတွေ ရှိနေတာ။ ဒါပေမယ့် Legal Framework တခုရှိလာပြီးတော့ Online Business တွေ e-Business တွေကို တရားဝင် အသိအမှတ်ပြုတဲ့ အနေအထားမျိုးတွေ ဖြစ်လာမယ်။ အဲလိုတွေဖြစ်လာရင် ဒီလူတွေကို ဥပဒေဘောင်အရ ဘယ်လို Terms and Conditions တွေ၊ Regulations တွေ ရှိရမယ်ဆိုတာ ရှိလာမယ်။ ဘယ်လို Service Layer Agreement တွေ ရှိရမယ်ဆိုတာ သိလာမယ်။ အဲလိုရှိလာရင် အဲဒီပြဿနာတွေ ပြေလည်သွားလိမ့်မယ်။ အခုကျတော့ အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြရတယ်။ ဥပဒေအရ ကန့်သတ်ထားတာမျိုး၊ တာဝန်ပေးထားတာမျိုး မရှိတဲ့အတွက်ကြောင့် ဖြစ်နေတဲ့ပြဿနာပါ။” လို့ အိုင်တီပညာရှင် ကိုအိမောင်က ပြောပါတယ်။

အွန်လိုင်းကနေ စီးပွားဖြစ် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကြားမှာ ဥပဒေတခု ထွက်ပေါ်ဖို့လိုသလို အပြန်အလှန် ငွေပေးချေမှု စနစ်တကျရှိဖို့ လိုအပ်နေပါတယ်။

Yangon Heartz ရဲ့ MD ကိုဇော်ဇော်မျိုးလွင်က “အနိမ့်ဆုံးတော့ Cash on Deliver ကောင်းကောင်းပေးနိုင်တယ် ဆိုတာမျိုးလည်း ရှိသင့်တယ်။ Payment တခုခု Platform နဲ့ချိတ်ပြီး ပေးတာမျိုးလည်း ရှိသင့်တယ်။ အဲလိုမှမဟုတ်ရင် ငွေလွှဲတာတို့ ဘာတို့မှာ လိမ်လည်တာတွေ ရှိနိုင်တယ်။ ဥပမာ-တန်ဖိုးကြီးတဲ့ပစ္စည်းလို၊ iPhone လို ပစ္စည်းတွေ မှာတဲ့အခါ လိမ်လည်မှုတွေ ဖြစ်နိုင်ပါတယ်။ တန်ဖိုးကြီးတဲ့ပစ္စည်းဖြစ်လေလေ Risk က များလေလေပဲ။ ရောင်းသူမှာလည်း Risk ရှိသလို ၀ယ်သူမှာလည်း Risk ရှိပါတယ်။ အွန်လိုင်းမှာ အရောင်းအ၀ယ်လုပ်နေတာတွေ တကယ်တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ဆိုတာ တည်ငြိမ်တဲ့ ရောင်းဝယ်တဲ့ Platform တခုရှိဖို့လိုသလို တည်ငြိမ်တဲ့ Payment တခုရှိဖို့လည်း လိုတယ်။” လို့ အကြံပြု  ပြောဆိုပါတယ်။

အွန်လိုင်းဈေးရောင်းဈေးဝယ်လုပ်ငန်း ၀န်ဆောင်မှုပေးသူများ၊ ဘဏ်လုပ်ငန်းတွေ၊ မိုဘိုင်းဝန်ဆောင်မှု ပေးသူများ စုစည်းပြီး လတ်တလောဖြစ်ပေါ်နေတဲ့ e-Commerce ရဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတခုကို ဇွန်လ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ MPU ကတ် သုံးစွဲမှု တွင်ကျယ်လာပြီဖြစ်ပြီး လက်ရှိဈေးကွက်ထဲမှာ ATM စက် အသုံးပြုသူဦးရေ ၂၅၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ အဲဒီထက် ပိုမိုအသုံးချနိုင်တဲ့ အနေအထားတခု ရောက်ဖို့အတွက် ပညာပေးမှုတွေ များများလုပ်ဖို့ လိုအပ်နေတယ်လို့ မြန်မာငွေပေးချေရေး ၀န်ဆောင်မှုအဖွဲ့ (MPU) ရဲ့ စီအီးအို ကိုဇော်လင်းထွဋ်က ပြောပါတယ်။

လက်ရှိမှာ MPU ကတ်သုံးစွဲတဲ့သူတွေအနေနဲ့ email လိပ်စာ ဘဏ်ကိုပေးဖို့ လိုအပ်နေပြီး ဘဏ်တွေဘက်က မေ့လျော့ပါက သတိပေးဖို့လိုတယ်လို့ MPU ရဲ့ စီအီးအိုက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013