DVB Logo
Home
မြန်မာသတင်း
ဝက်သားနှင့်တင်သည့် ရိုးရာနတ်ပွဲတော်
DVB
·
June 8, 2015
ဝက်သားနှင့်တင်သည့် ရိုးရာနတ်ပွဲတော်
1 / 5
Donate to DVB

မြန်မာနိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာနတ်ပွဲတော်တော်များများမှာ မတွေ့နိုင်တဲ့ ၀က်သားနဲ့တင်တဲ့ ရိုးရာနတ်ပွဲတော်ကို စစ်ကိုင်းမြို့ရဲ့ အနောက်ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ သာဒွန်းကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီနတ်ပွဲဟာ မြင်းဖြူရှင်နတ်ကို ပူဇော်ပသတဲ့ပွဲဖြစ်ပြီး စစ်ကိုင်းမြို့ အနောက်ဘက် မအူပင်ကျေးရွာအုပ်စု၊ သာဒွန်းကျေးရွာမှာ နှစ်စဉ် နယုန်လပြည့်ကျော် ၅ ရက်နေ့မှာ ကျင်းပလေ့ရှိပြီး ကျင်းပတဲ့နေ့ဟာ ဗုဒ္ဓဟူးနေ့နဲ့ ဆုံရင်တော့ နယုန်လပြည့်ကျော် ၇ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတာလည်း ဖြစ်ပါတယ်လို့ နတ်ပွဲကျင်းပသူတဦးဖြစ်တဲ့ သာဒွန်းကျေးရွာမှ ဦးသန်းရွှေက ပြောပါတယ်။

အဲဒီပွဲတော်မှာ ၀က်သားနဲ့ ဆန်ပြုတ်ရောကျိုပြီး တင်ရတာမို့ တချို့က သဘောမကျတာမို့ မလာကြဘူးလို့ သာဒွန်းကျေးရွာဥက္ကဋ္ဌ ဦးအောင်ခင်က ဆိုပါတယ်။

“ပြောရမယ်ဆိုရင်တော့ ဝက်သားပါလို့ သူတို့ မဝင်တာဘဲ။ ကျနော်တို့က လက်ယပ်ခေါ်တယ်၊ လာချင်တဲ့သူ လာလို့ရတယ်၊ ရောလို့ရတယ်။ ရောလို့မရတာ အဲ့ဒီ ဝက်သားပဲ။ ဝက်သားက ဒီနှစ်ဆိုရင် ၄၅ ပိဿာ၊ ၇ ထောင်နှုန်းနဲ့။ ဒီလိုဆောင်ရွက်ရတာ။ တကမ္ဘာလုံးမှာ နတ်ပွဲတိုင်း နတ်ပွဲတိုင်း ဝက်သား ဘာကြောင့်မပါသလဲဆိုတော့ ရွှေဖျင်းညီနောင်က မကြိုက်တော့ ကျန်တဲ့ နတ်ကတော်တွေက မစားတာပါပဲ။ ကျုပ်တို့ ဘိုးတော်ကြီးက စားပါတယ်။ တရုတ်လိုပါပဲ။ တရုတ်မှာလည်း ဝက်သား အတုံးကြီး တင်ရတာပါ။ ဒီသဘောပါပဲ။ ကျနော်တို့ ဒီနယ်ပယ်အကုန်၊ တတိုင်းပြည်လုံးမှာ ဒီတပွဲပဲရှိတာ။ ဝက်သားနဲ့ တင်တဲ့ပွဲဆိုတာ  ကျန်တဲ့ပွဲတွေ မရှိပါဘူး။ အဲ့ဒါကြောင့်မို့ ကျနော်တို့က ဝက်သားကို နုတ်နုတ်လေးတွေ ဆင်းပြီးတော့ ဗြုန်းဆက်ဆိုပြီး ဆန်ပြုတ်ထဲကို ရောပြီးတော့ ဝေရတာ။ လူတယောက်ကို တပိသာကျော်ရတယ်။ ကျနော်တို့ အဲ့သလိုမျိုး ဝေရတာပါ။”

နတ်ဆက်သဖို့အတွက် ရွာသူရွာသား နှစ်ဆယ်၊ သုံးဆယ်လောက် တရွာလုံးအတွက် ပျော်ပျော်ပါးပါး ၀ိုင်းဝန်းချက်ပြုတ်ကြတယ်လို့ ဦးသန်းရွှေက ပြောပြပါတယ်။

“ကျနော်တို့ ဗြုန်းဆက်တွေကို ကျိုထားတာပါ ခင်ဗျာ။ ဆန် ပြည် ၄၀ နဲ့ ဒယ် ၂၀ စာလောက်၊ ဝက်သားအချိန် ၅၀ ကျိုပြီးတော့ ငရုတ်သီးကြော်နဲ့ ငါးပိချက်နဲ့ပေါ့။ အဲ့လို မွှေတာပေါ့ဗျာ။ လူ ၂၀၊ ၃၀ တရွာလုံးဝိုင်းပြီး ချက်ကြပြုတ်ကြ ပျော်ပျော်ပါးပါးနဲ့ပေါ့။ သူက ပျော်ပျော်ပါးပါးလုပ်မှလည်း ကြိုက်တာဗျ။ တယောက်နဲ့တယောက် စိတ်ဆိုးရင်လည်း မကြိုက်ဘူး။”

ခုလို နတ်တင်ပွဲကို ရွာအဝင်ပေါက်မှာရှိတဲ့ နတ်ကွန်းမှာ ညနေ ၃ နာရီအချိန်ကနေ စတင်ပြီး ဆိုင်းသံ၊ ဗုံသံမပါဝင်ဘဲ ပူဇော်ပသကြတာ ဖြစ်ပါတယ်။ ဝက်သား၊ ငါးရံ့ခြောက်၊ ဖရုံသီး၊ ငရုတ်သီးကြော်နဲ့ ဆန်ပြုတ် ချက်ပြုတ်ကြပြီး ကောက်ညှင်းပေါင်း အဖြူအနီ၊ ထုံးဆန်ကြမ်းတွေနဲ့ တိရစ္ဆာန်အရုပ်ပုံစံ ထိုးမုန့်တွေပြုလုပ်ကာ နတ်ကွန်းပေါ်မှာ ပူဇော်ပသကြတာလည်း ဖြစ်ပါတယ်။

သတင်းနှင့် ဓာတ်ပုံ - ကျော်ဇေ၊ ငြိမ်းမိုးနောင်

[gallery ids="96647,96648,96649,96650,96651"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013