DVB Logo
Home
နိုင်ငံတကာ
ရုရှားအပေါ်  အမေရိကန် ပိတ်ဆို့အရေးယူမှုက  ၂ နိုင်ငံဆက်ဆံရေး ထိခိုက်စေဟု ရုရှားတုံ့ပြန်
DVB
·
September 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုဥပဒေကို ထရမ့်ပ်က လက်မှတ်ရေးထိုးတာဟာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ယူကရိန်းဆိုင်ရာ အလားအလာရှိတဲ့ သဘောတူညီချက်အတွက် မကောင်းဘူးလို့ ကရင်မလင် နန်းတော်က ပြောပါတယ်။

ရုရှားအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူမှု ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့အပေါ် ရုရှားဘက်က တုံ့ပြန်ပြောလိုက်တာ ပါ။

ဒါဟာ ထိခိုက်ပျက်စီးနေတဲ့ အမေရိကန်-ရုရှား ဆက်ဆံရေးကို ပြန်ကောင်းအောင် ဒါမှမဟုတ် ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေမဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရေးကို အထောက် အကူပြုမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူတာတွေကို တိုးချဲ့လုပ်ဆောင်မဲ့ ဥပဒေတရပ်ကို လက်မှတ်ထိုးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး ကြိုးပမ်းအားထုတ်ချက်တွေကို အဟန့်အတား ဖြစ်စေပြီး ရုရှားနဲ့အမေရိကန်တို့အကြား ဆက်ဆံရေးကို ပိုထိခိုက်စေလိမ့်မယ်လို့ ကရင်မလင်ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ တနင်္လာနေ့က ပြောခဲ့တာပါ။

သောကြာနေ့က ထရမ့်ပ်လက်မှတ်ထိုးခဲ့တဲ့ ဥပဒေဟာ ရုရှားဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဝယ်တဲ့အတွက် တရုတ်၊ အိန္ဒိယနဲ့  တခြားနိုင်ငံတွေအပေါ် ၁၀၀ ရာခိုင်နှုန်းအထိရှိနိုင်တဲ့ ပြစ်ဒဏ်ခတ် အကောက်ခွန်တွေ ကောက်ဖို့ အမေရိကန် သမ္မတကို လုပ်ပိုင်ခွင့်ပေးထားပါတယ်။

ထရမ့်ပ်ကို တိုက်ရိုက် မဝေဖန်ဖို့ သတိထားပြောဆိုခဲ့တဲ့ ပဲ့စ်ကို့ဗ်က ရုရှားရဲ့ ကုန်သွယ်ဘက်နိုင်ငံတွေဟာ ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုတွေအဖြစ် ဆောင်ရွက်မဲ့ အကောက်ခွန်တွေကို "တညီတညွတ်တည်း ပယ်ချ" ကြတယ်လို့ ပြောပါတယ်။ 

ရုရှားဟာ ဒီဇယ်စက်မှုလုပ်ငန်းအပေါ် "ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားပြီ"လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၂၁ ရက်မှာ ပြောခဲ့ပြီး ရုရှားနဲ့ ယူကရိန်းတို့အကြား ဖြစ်နေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ထပ်ပြီး တိုက်တွန်း ခဲ့ပါတယ်။ 

ထရမ့်ပ်က "ယူကရိန်းနဲ့ဖြစ်နေတဲ့ စစ်ပွဲကြောင့် ရုရှားနိုင်ငံဟာ သူ့ရဲ့ ဒီဇယ်ဆီလုပ်ငန်းအပေါ် ထိန်းချုပ်နိုင်စွမ်းကို ကံမကောင်းစွာပဲ ဆုံးရှုံးလိုက်ရပါတယ်။ သူတို့ရဲ့ ဒီဇယ်ချက်စက်ရုံ အများအပြားဟာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး အနည်းဆုံးတော့ ယာယီအားဖြင့် လုပ်ငန်းမလည်ပတ်နိုင်တော့ပါဘူး" လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့မဲ့နေ့ မတိုင်မီ တရက်အလိုမှာ ရေးခဲ့တာပါ။

ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ ဒီလို အဓိပ္ပာယ်မရှိဘဲ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ စစ်ပွဲကို အဆုံးသတ်ရပါမယ်လို့လည်း ထရမ့်ပ်က ရေးခဲ့ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013