DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဂုဏ်ရည်ဆု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ရရှိ
DVB
·
June 8, 2015
ပြည်သူ့ဂုဏ်ရည်ဆု သပိတ်မှောက် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ရရှိ
Donate to DVB

၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် သာယာဝတီထောင်မှာ ဖမ်းဆီးခံနေရတဲ့ ဗကသကျောင်းသူ မဖြိုးဖြိုးအောင်ကို အမေရိကန်အခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်မှု၊ နိုင်ငံနဲ့ နိုင်ငံသားတို့အတွက် စံပြဖြစ်မှု စတဲ့ ဆုရွေးချယ်ရေးမူတွေအရ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် စွန့်လွှတ်လှုပ်ရှား တိုက်ပွဲဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ အထွေထွေအတွင်းရေးမှူး လက်ရှိ သာယာဝတီထောင်တွင်းမှာ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရတဲ့ မဖြိုးဖြိုးအောင်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

ဆုအတွက် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သောင်း ရရှိမှာဖြစ်ပြီး အများအကျိုး သယ်ပိုးထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်ပေးအပ်တာ ဖြစ်ပါတယ်။

အခုနှစ် အထူးဆုရှင်အဖြစ် ရွေးချယ်ခံရတဲ့ ၂ ဦးကတော့  ဆင်းရဲတဲ့ပြည်သူတွေအတွက် တန်ဖိုးသင့်ညစာ ရောင်းချပေးနေတဲ့ ဒေါက်တာ နန္ဒ၀င်းနဲ့ အခမဲ့စာကြည့်တိုက် တည်ထောင်သူ ကိုဇော်ဇော်တို့  ဖြစ်ပါတယ်။ အထူးဆုတွေကိုတော့ ဒေါ်လာ ၁ ထောင်စီ ချီးမြှင့်မှာပါ။

ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်ပြည်ထောင်စုမှာရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ တခြား မြန်မာပြည်ဖွား တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူတွေကို နှစ်စဉ်ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်နေတာပါ။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂ဝ၁ဝ ခုနှစ်ကစလို့ ရွေးချယ်လာခဲ့တာဖြစ်ပြီး ဒီနှစ်ပါနဲ့ဆိုရင် ၆ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013