DVB Logo
Home
မြန်မာသတင်း
လော်ခီးလာညီလာခံ အပစ်ရပ်စာချုပ်မူကြမ်း အပြီးသတ်ဆွေးနွေးနိုင်
DVB
·
June 7, 2015
လော်ခီးလာညီလာခံ အပစ်ရပ်စာချုပ်မူကြမ်း အပြီးသတ်ဆွေးနွေးနိုင်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ လော်ခီးလာညီလာခံ ၆ ရက်မြောက်နေ့မှာ အပစ်ရပ်စာချုပ်မူကြမ်းကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့ကြပြီး ကြီးကြီးမားမား အပြောင်းအလဲ မရှိဘူးလို့ မွန်ပြည်သစ်ပါတီက နိုင်ဟံသာက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်ရပ်အလုပ်အဖွဲ့ အန်စီစီတီခေါင်းဆောင်လည်း ဖြစ်တဲ့ နိုင်ဟံသာက စာချုပ်မူကြမ်းမှာ ပြင်ဆင်ဖြည့်စွက်တာ အများကြီး မရှိပေမယ့် စာချုပ်ကို အချောသတ် လက်မျတ်ထိုးကြရင်တော့ ဘယ်အဖွဲ့ကိုမှ ချန်ထားရစ်လို့ မဖြစ်ဘူးလို့ ပြောပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ အန်စီအေ (အပစ်ရပ်စာချုပ်မူကြမ်း) ရဲ့ ကျန်နေတဲ့အပိုင်းတွေကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့တယ်ဗျ။ အများကြီး မရှိပါဘူး။ နည်းနည်းပါးပါး အထိုက်အလျောက်ပြင်တာပဲ ရှိပါတယ်။ အဓိက အစိုးရဘက်က လက်မခံချင်တဲ့ ၃ ဖွဲ့ကိစ္စ၊ သူတို့ကို ကျနော်တို့ ဒီမှာ ဆုံးဖြတ်တာကတော့ ချန်ထားလို့ မရပါဘူး၊ ချန်ထားမယ်ဆိုရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုတာ မပီပြင်သလို စစ်မှန်တဲ့ အနေအထားမျိုးလည်း မဟုတ်ဘူးလို့ မြင်ပါတယ်။”

လော်ခီးလာညီလာခံကို ဇွန် ၂ ရက်ကနေ ၆ ရက်ထိကျင်းပခဲ့ပြီး ဆွေးနွေးစရာတွေ မပြီးပြတ်တဲ့အတွက် နောက်ထပ် ၂ ရက် ရက်တိုးကျင်းပနေတာဖြစ်ပြီး ဇွန် ၈ ရက်ထိ ဆက်လက် ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။

ဇွန် ၈ ရက်မှာတော့ နိုင်ငံရေးမူဘောင်တွေချမှတ်ဖို့နဲ့ ရှေလုပ်ငန်းစဉ်ချမှတ်ကြမှာဖြစ်ပြီး ဒီနေရာမှာ အန်စီစီတီအဖွဲ့ကိုဖျက်သိမ်းပြီး မူချောကော်မတီတရပ် ဖွဲ့စည်းကြဖို့ ရှိပါတယ်။

တနိုင်ငံလုံး အပစ်ရပ်လက်မှတ်စာချုပ်ကို အချောသတ်လက်မျတ်ထိုးနိုင်ဖို့အတွက် လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ လော်ခီးလာညီလာခံ ကျင်းပပြုလုပ်နေတာဖြစ်ပြီး အစိုးရဘက်ကတော့ စာချုပ်လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013