DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာချစ်ကြည်ရေး ယောဂကျင့်စဉ်ဓာတ်ပုံနှင့် ပန်းချီပြပွဲ
DVB
·
June 7, 2015
အိန္ဒိယ-မြန်မာချစ်ကြည်ရေး ယောဂကျင့်စဉ်ဓာတ်ပုံနှင့် ပန်းချီပြပွဲ
1 / 6
Donate to DVB

အိန္ဒိယ-မြန်မာချစ်ကြည်ရေး ယောဂကျင့်စဉ် ဓာတ်ပုံနဲ့ အခြေခံပညာ ကျောင်းသားကျောင်းသူတွေရဲ့ ပန်းချီပြပွဲကျင်းပခဲ့ပါတယ်။

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ယောဂကျင့်စဉ် ဓာတ်ပုံပြပွဲနဲ့ အခြေခံပညာ ကျောင်းသူ၊ သားတွေရဲ့ ပန်းချီပြပွဲကို ဇွန်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေက မန္တလေးမြို့ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင့်မှာရှိတဲ့ ဓမ္မသာလာခန်းမမှာ ကျင်းပနေတာပါ။

ကလေးငယ်တွေရဲ့ ပန်းချီစွမ်းရည်ကို အများပြည်သူတွေ သိရှိစေဖို့နဲ့ ယောဂကျင့်စဉ်ရဲ့ခက်ခဲနက်နည်းမှုတွေကို လေ့လာသိရှိစေဖို့ ရည်ရွယ် ကျင်းပတာလို့ အိန္ဒိယကောင်စစ်ဝန် ဒေါက်တာ နန္ဒကူးမာက ပြောပါတယ်။

“အဓိက ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက် ၂ ခုရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က အိန္ဒိယသမ္မတနိုင်ငံ အထိမ်းအမှတ်နေ့အနေနဲ့ မန္တလေးမှာရှိတဲ့ အခြေခံပညာ  ကျောင်းသားကျောင်းသူလေးတွေကို ပန်းချီပြိုင်ပွဲကျင်းပပေးခဲ့ပြီး ကလေးတွေရဲ့ ပန်းချီ စွမ်းရည်ထက်မြက်မှုတွေကို ပြည်သူလူထုသိရှိအောင် ပြသချင်တဲ့ ရည်ရွယ်ချက်ပါတာကြောင့် ဒီပြပွဲစီစဉ်ရတာ ဖြစ်ပါတယ်။”

မန္တလေးတိုင်းအတွင်းက ပြိုင်ပွဲဝင်ကလေးတွေရဲ့ ပန်းချီလက်ရာတွေနဲ့အတူ မစ္စတာ ရာဂျားချောင်ဟူရီ (Mr Raja Choudhury) ရဲ့ ယောဂကျင့်စဉ်ဆိုင်ရာ ဓာတ်ပုံတွေကို ပြသထားတာဖြစ်ပါတယ်။

လာမယ့် ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကိုလည်း ပထမ ဆုံးအကြိမ်အဖြစ် မန္တလေးမြို့ နဲ့ ရန်ကုန်မြို့တွေမှာ ကျင်းပမယ်လို့ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောပါတယ်။

“ဒီလ ၂၁ ရက်နေ့မှာဆိုရင် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို ပထမ ဦးဆုံး ကျင်းပဖို့ရှိပါတယ်။ ဒီကျင်းပတဲ့အထဲမှာ ပြင်ပ ပြည်သူတွေမကဘဲ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းတွေက ကျောင်းသားတွေ ဆရာ၊ ဆရာမ တွေလည်း သင်တန်းပေးထားပါတယ်။”

ဒါ့အပြင် တိုင်းဒေသကြီးအတွင်းမှာ မြုပ်နေတဲ့ ကလေးပါရမီရုင်တွေ ဖော်ထုတ်ဖို့  အိန္ဒိယ ကောင်စစ်ဝန်နဲ့ ပူးပေါင်းပြီး ကလေးပန်းချီပြပွဲ ကျင်းပတာဖြစ်ကြောင်း၊ အိန္ဒိယ ကောင်စစ်ဝန်ရုံးနဲ့ ၁ နှစ်ကို အနည်းဆုံး ၂ ကြိမ်လောက် ကျင်းပလေ့တဲ့အကြောင်း၊ အိန္ဒိယ နိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်အမှတ်ပွဲနဲ့ ယောဂ ကျင့်စဉ်ပြိုင်ပွဲတွေဖြစ်တယ်လို့ ပြောပါတယ်။

ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေဟာ ဇန်န၀ါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ အိန္ဒိယသမ္မတနိုင်ငံ အထိမ်းအမှတ်နေ့မှာ ကျောင်းသားကျောင်းသူလေးတွေကို ပန်းချီပြိုင်ပွဲကျင်းပပေးခဲ့ပြီး ပြိုင်ပွဲဝင်ကလေးတွေရဲ့ပန်းချီလက်ရာတွေနဲ့အတူ မစ္စတာ ရာဂျားချေင်းဟူရီရဲ့ယောဂကျင့်စဉ်ဆိုင်ရာဓာတ်ပုံတွေကို ပြသထားတာဖြစ်ပါတယ်။

[gallery ids="96491,96492,96493,96494,96495,96496"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013