DVB Logo
Home
မြန်မာသတင်း
မဲဆောက်-မြဝတီ အမှတ် ၂ တံတား ဘတ် သန်း ၃၉၀၀ ကုန်ကျခံ တည်ဆောက်မည်
DVB
·
June 7, 2015
မဲဆောက်-မြဝတီ အမှတ် ၂ တံတား ဘတ် သန်း ၃၉၀၀ ကုန်ကျခံ တည်ဆောက်မည်
Donate to DVB

ထိုင်း-မြန်မာ၊ မဲဆောက်-မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဘတ်ငွေ သန်း ၃၉၀၀ အကုန်ကြခံတည်ဆောက်သွားမယ်လို့ ထိုင်းနိုင်ငံလမ်းပန်း ဆက်သွယ်ရေးတာဝန်ရှိသူက ပြောပါတယ်။

ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မစ္စတာ အာခွန်က ဇွန်လ ၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြဝတီ အမှတ် ၂ ချစ်ကြည်ရေး တံတားဆောက်ရေးလုပ်ငန်း စီမံကိန်းကို သွားရောက်လေ့လာခဲ့တာပါ။

ထိုင်းအစိုးရအနေနဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား အတွက် ဘတ် သန်း ၃၉၀၀ လောက် အကုန်ကြခံတည်ဆောက်သွားမယ်လို့ မစ္စတာ အာခွန်က ပြောပါတယ်။

“ဒီတံတားကို ဆောက်တဲ့ အခါမှာ ဘတ်သန်း ၃၉၀၀ လောက် ကုန်ကြမယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီအထဲမှာ မြန်မာဘက်ခြမ်းကို ဘတ် သန်း ၁၀၀၀ လောက်အကူအညီပေးသွားမှာဖြစ်ပါတယ်။ တံတားရဲ့ ပန္နက်တိုင် စိုက်ထူပွဲကို ၇ လပိုင်းလောက်မှာဖြစ်နိုင်ပြီး နှစ်ဖက် ဝန်ကြီးချုပ်ကို ဖိတ်ခေါ်မယ်” လို့ ပြောပါတယ်။

တံတားရဲ့ အရှည် ၇၆၀ မီတ္တာ နဲ့ အကြယ် ၄၅၀ မီတာရှိပြီး ၂ နှစ်အတွင်း အပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။

ဒီတံတားဟာ အဆီယံ လမ်းမကြီးနဲ့ အဓိက ဆက်သွယ်ထားမယ့် တံတာလည်းဖြစ်ပါတယ်။

တံတားပြီးသွားရင်တော့ နှစ်နိုင်ငံနယ်စပ်မှာ ကုန်သွယ်ရေးတွေ ပိုပြီးမြန်ဆန်လာမှာဖြစ်သလို နယ်စပ်စီးပွားရေး အတွက်လည်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ပြောပါတယ်။

မြန်မာဘက်က လမ်းပိုင်းကိုလည်း ကူညီတည်ဆောက်ပေးနေပြီး ၁၇ ကီလိုမီတာ လောက် တည်ဆောက်ပြီးစီးထားသလို နောက်ထပ် ၂၈ ကီလိုမီတာကို တိုးချက်တည်ဆောက်ဖို့ ရှိနေတယ်လို့ ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မစ္စတာ အာခွန်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013