DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာကျောင်းသား ၄၄ ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်
DVB
·
June 7, 2015
ရွှေ့ပြောင်းမြန်မာကျောင်းသား ၄၄ ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်
1 / 2
Donate to DVB

၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို တနိုင်ငံလုံးက စာစစ်ဌာနအသီးသီးမှာ ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာမှာ ထိုင်း-မြန်မာနယ်စပ်ကနေ ၀င်ရောက်ဖြေဆိုသူ ရွှေ့ပြောင်းမြန်မာကျောင်းသား ၁၆၀ အနက် ၄၄ ယောက် အောင်မြင်ခဲ့တာမို့ အောင်ချက် ၂၇.၅ ရာခိုင်နှုန်း ရှိပါတယ်။

အောင်မြင်ခဲ့သူတွေထဲမှာ ဇီဝဘာသာတွဲ ၂၄ ယောက်နဲ့ ဘောဂဘာသာတွဲ အယောက် ၂၀ ဖြစ်ပြီး ဘောဂဗေဒ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သူ ၃ ယောက်ပါဝင်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာဖွင့်လှစ်ထားတဲ့ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်းတွေဖြစ်ကြတဲ့ ဆာသူးလေကျောင်း၊ သွေးသစ်ကျောင်းနဲ့ နယ်စပ်ဒေသက ကိုယ်ထူကိုယ်ထကိုယ်ပိုင် အထက်တန်းကျောင်းဖြစ်တဲ့ ထီးမယ်ဝါးခီကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အပြင်ဖြေစနစ်နဲ့ မြ၀တီခရိုင်စာစစ်ဌာနမှာ  ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစခဲ့ပြီး ၀င်ရောက်ဖြေဆိုခဲ့လာတာပါ။

22509_998317460201672_1664564151527776170_n၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ မြ၀တီမြို့နယ် စာစစ်ဌာနအနေနဲ့ ၀င်ရောက်ဖြေဆိုသူစုစုပေါင်း ၁၀၃၄  ဦးထဲမှာ အောင်မြင်သူ ၂၅၄ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၄.၅၆ ရာခိုင်နှုန်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013