DVB Logo
Home
မြန်မာသတင်း
မြောင်မြို့နယ်၌ စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရ
DVB
·
June 13, 2026
 Photo: မြောင်မြို့နယ် ပလဖတဦး
Photo: မြောင်မြို့နယ် ပလဖတဦး
Donate to DVB

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပေါက်တောအနောက်ရွာကို စစ်အာဏာရှင်တပ်က ဇွန် ၁၀ ရက် မနက် ၉ နာရီခွဲလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ 

ပေါက်တောအနောက်ရွာခံတယောက်က “ရွာမှာက ဘာတိုက်ပွဲမှ မရှိပါဘူး။ အသုဘကိစ္စ မြေချသင်္ဂြိုဟ်တာတော့ရှိတယ်။ အဲဒါကို လာကြဲချသွားတာ။ အဲဒီလို‌‌ ကြဲချလို့ တံတားဘေးမှာ ဘူးခွံ၊ ပုလင်းခွံ ကောက်နေတဲ့ ပြည်သူ ၃ ဦးတော့ သေဆုံးခဲ့ရတယ်။ အသုဘကိစ္စ လိုက်ပိုတဲ့သူထဲက ၇ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ပေါက်တောအနောက်ရွာဟာ မြောင်မြို့ပေါ်ကနေ ကားလမ်း/ဆိုင်ကယ်လမ်းအတိုင်း မောင်းလာရင် ၃ မိုင် ခွဲ ဝန်းကျင်ခန့်သာကွာ ဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။

မြောင်မြိုနယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တယောက်က “တိုက်ပွဲကနေ ကျဆုံးလာတဲ့ ရဲဘော် ၂ ဦးကို သင်္ဂြိုဟ်တာကို သတင်းရလို့ လာကြဲချတာ ဖြစ်လိမ့်မယ်။ သတင်း‌ပေါက်လို့ လာကြဲချတာ။ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ဘက်က ရန်သူ့သတင်းကို အမြဲတမ်း နားစွင့်နေကြဖို့ လိုအပ်တယ်လေ။ စစ်တပ် သတင်း‌ပေးတွေကို မမိသေးခင်တော့ နေဦးပေါ့။ အတိအကျမိတဲ့အခါကျရင်‌တော့ ထိုက်တန်တဲ့ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်သွားမယ်” လို့ ပြောပါတယ်။

မြောင်မြို့နယ်ဟာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတဲ့ ချောင်းဦးမြို့နယ်၊ ပခုက္ကူမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မြို့နယ်ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013