
စစ်အာဏာရှင်တပ်အတွက် ဖိနပ်တွေထုတ်လုပ်ပေးမဲ့ စက်ရုံတည်ဆောက်ဖို့ ဒေဝါလီခံရမဲ့ အခြေအနေ ရင်ဆိုင်နေရတဲ့ ဘယ်လာရုစ် ကုမ္ပဏီတွေနဲ့ Asia Point of Potential ကုမ္ပဏီတို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းလက်မှတ်ရေးထိုးလိုက်ပါတယ်။
ဩဂုတ် ၂၀ ရက်က စတင်ခဲ့တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ဘယ်လာရုစ်ခရီးစဉ်အတွင်း မြန်မာက Asia Point of Potential ကုမ္ပဏီနဲ့ ဘယ်လာရုစ်က Belvest နဲ့ Luch ဖိနပ်ကုမ္ပဏီတွေ သဘောတူညီခဲ့ကြတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီကုမ္ပဏီကိုယ်စားလှယ်တွေဟာ ဒီနှစ် ဇန်နဝါရီလကတည်းက မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ထောက်ချုပ်နဲ့ တွေ့ဆုံကာ စစ်သုံးဖိနပ်တွေထောက်ပံ့ဖို့ ဆွေးနွေးခဲ့ကြတာပါ။
Belvest ကုမ္ပဏီဟာ ကြွေးမြီ ဒေါ်လာ ၈၅ သန်းအထိရှိနေလို့ အကြွေးမဆပ်နိုင်သူအဖြစ် တရားရုံး က သတ်မှတ်ထားကြောင်း ဘယ်လာရုစ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ကုမ္ပဏီဘဏ္ဍာရေး ပြန်လည်ရပ်တည်နိုင်ဖို့ အခုလို မြန်မာအပါအဝင် ဈေးကွက်သစ်တွေ ကို အသည်းအသန် ရှာဖွေနေရတာ ဖြစ်ပါတယ်။











