DVB Logo
Home
Lead Story
ရွှေတံဆိပ်ရယူပေးရန် မြန်မာ ယူ ၂၃ ကို ဦးဇော်ဇော် တိုက်တွန်း (သတင်းဓာတ်ပုံ)
DVB
·
June 7, 2015
ရွှေတံဆိပ်ရယူပေးရန် မြန်မာ ယူ ၂၃ ကို ဦးဇော်ဇော် တိုက်တွန်း (သတင်းဓာတ်ပုံ)
1 / 7
Donate to DVB

မြန်မာယူ ၂၃ အသင်းသားတွေအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူပြီး တိုင်းပြည်အတွက် ဝေးကွာနေတဲ့ အောင်ပွဲကို ရယူပေးစေလိုကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းလိုက်ပါတယ်။

ဦးဇော်ဇော်ဟာ မြန်မာ ယူ၂၃ အသင်း တည်းခိုနေထိုင်ရာ Days Hotel မှာ အုပ်ချုပ်၊နည်းပြ အဖွဲ့နှင့် ကစားသမားတွေကို ဇွန် ၆ ရက်နေ့က လာရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့စဉ် အခုလို တိုက်တွန်းလိုက်တာလို့ မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာယူ ၂၃ အသင်းသားတွေအနေနဲ့ ပြည်တွင်းပြည်ပ ဒေသအသီးသီးကနေ အားပေးနေတဲ့ မြန်မာပရိသတ်တွေ ပျော်ရွှင်မှု ရရှိစေဖို့ အစွမ်းကုန် ကြိုးစား ပေးစေလိုကြောင်း၊ အုပ်စုပွဲ ၂ ပွဲမှအစပြုပြီး ဆီမီးဖိုင်နယ်၊ ဖိုင်နယ် အထိတက်ရောက်ပြီး ရွှေတံဆိပ်ရယူကာ တိုင်းပြည်အတွက် ဝေးကွာနေတဲ့ အောင်ပွဲ ကို ရယူပေးစေလိုကြောင်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။


ဒီနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ ဆီးဂိမ်းပြိုင်ပွဲ အုပ်စု(က) တတိယပွဲစဉ်အဖြစ် မြန်မာ ယူ ၂၃ အသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု (က) မှာ ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ဦးဆောင်နေပါတယ်။

ဓာတ်ပုံ - Myanmar Football Federation

[gallery ids="96381,96382,96383,96384,96385,96386,96387"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013