DVB Logo
Home
မြန်မာသတင်း
အခြေခံမဲစာရင်း ပြည့်စုံမှန်ကန်ရေး ၀ိုင်းကူညီရန် ကော်မရှင်နှိုးဆော်
DVB
·
June 6, 2015
အခြေခံမဲစာရင်း ပြည့်စုံမှန်ကန်ရေး ၀ိုင်းကူညီရန် ကော်မရှင်နှိုးဆော်
Donate to DVB

လက်ရှိထုတ်ပြန်နေတဲ့ အခြခံမဲဆန္ဒရှင်စာရင်းတွေမှာ ချို့ယွင်းအားနည်းချက်တွေရှိနေပြီး ပြည့်စုံမှန်ကန်ရေးအတွက် နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ၀ိုင်းဝန်းကူညီကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နှိုးဆော်လိုက်ပါတယ်။

နိုင်ငံရေးပါတီတွေကို လိပ်မူပြီး လူမှုအဖွဲ့အစည်းတွေကို မိတ္တူပေးပို့တဲ့ အဲဒီစာကို ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

လာမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ကွန်ပျူတာ စာရင်းသွင်းတဲ့ လုပ်ငန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာကနေ ၂၀၁၅ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံတ၀န်းမှာ ဆောင်ရွက်ခဲ့တယ်လို့ စာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ထုတ်ပြန်နေတဲ့ မဲစာရင်းတွေမှာတော့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်တောင် စာရင်းမှာ မပါတာ စတဲ့ အမှားတွေ အများကြီးဖြစ်နေတာပါ။

အိမ်ထောင်စုစာရင်း (လ၀က ပုံစံ ၆၆/၆) ဟာ နောက်ဆုံးအခြေအနေနဲ့ မကိုက်တာ၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေဟာ ဖွဲ့စည်းကာစဖြစ်လို့ မကျွမ်းကျင်တာ၊ စေတနာ့ဝန်ထမ်းတွေ ဖြစ်နေတာတွေကြောင့် မဲစာရင်းမှာ ချို့ယွင်းရတာလို့ ကော်မရှင်က သုံးသပ်ပါတယ်။

မဲဆန္ဒရှင်တွေကိုယ်တိုင် စာရင်းလာမကြည့်ကြတာကလည်း အမှားတွေ ဆက်ဖြစ်ဖို့ အကြောင်းတစ်ခုအဖြစ် ကော်မရှင်က သုံးသပ်ထားပါတယ်။

မဲစာရင်း မှန်ကန်စေဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တတဖွဲ့ လာရောက်တွေ့ဆုံခဲ့ပြီး အမှားထောက်ပြတာတွေကို ကြိုဆိုပါတယ်လို့လည်း ကော်မရှင်ရဲ့စာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013