DVB Logo
Home
Lead Story
ရွှေတုံးအတုဂိုဏ်း သတိထားရန် ရွှေလုပ်ငန်းရှင်များအသင်းပြော
DVB
·
June 6, 2015
ရွှေတုံးအတုဂိုဏ်း သတိထားရန် ရွှေလုပ်ငန်းရှင်များအသင်းပြော
Donate to DVB

ပြည်တွင်းမှာ အုပ်စုဖွဲ့ပြီး ရွှေတုံးအတုတွေ လိမ်လည်ရောင်းချတဲ့ ဂိုဏ်းတချို့ရှိနေတာကြောင့် ရွှေဝယ်သူတွေအနေနဲ့ ရွှေဈေးကွက်မှာ အရောင်းအ၀ယ်လုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး ဦးဝင်းမြင့်က ဒီဗွီဘီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်မှာနေတဲ့  ပလတ်စတစ်လုပ်ငန်းရှင်တဦးဟာ ရွှေတုံးအတု ၁၇၉ တုံးကို အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါးနဲ့ လိမ်လည်ရောင်းချတာ ခံလိုက်ရပါတယ်။

အဲဒီ့ဖြစ်စဉ်မတိုင်ခင် လွန်ခဲ့တဲ့ ၄ နှစ်လောက်က   ရွှေအတုအလေးချိန် ၁ ပိဿာလောက် လိမ်လည်မှုလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

ဒီဖြစ်စဉ်တွေကိုကြည့်ရင် ကျွမ်းကျင်ပြီး အကွက်ကျကျစီစဉ်တဲ့ သူတချို့က ပြုလုပ်တာဖြစ်တယ်လို့ ဦးဝင်းမြင့်က ဆက်လက်ပြောပါတယ်။

ရွှေဈေးကွက်မှာတော့ အဲဒီ့လိုဖြစ်တာမရှိကြောင်း၊ ဒါကြောင့် ပြင်ပမှာ ရွှေအရောင်းအ၀ယ်မလုပ်သင့်ကြောင်း သူကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013