DVB Logo
Home
မြန်မာသတင်း
လော်ခီးလာထိပ်သီးအစည်းအဝေး နှစ်ဘက်လိုက်နာရမည့်ကျင့်ဝတ်ဆွေးနွေး
DVB
·
June 6, 2015
လော်ခီးလာထိပ်သီးအစည်းအဝေး နှစ်ဘက်လိုက်နာရမည့်ကျင့်ဝတ်ဆွေးနွေး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ လော်ခီးလာမှာကျင်းပတဲ့ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များရဲ့ ထိပ်သီးဆွေးနွေးပွဲ စတုတ္ထမြောက်နေ့ ဇွန် ၅ ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (မူကြမ်း) အခန်း ၄ ပါ နှစ်ဦးနှစ်ဖက် လိုက်နာရမယ့်ကျင့်ဝတ် (Code of Conduct) ကို  ဆွေးနွေးကြပါတယ်။

အန်စီစီတီအဖွဲ့ ဒုတိယခေါင်းဆောင်၊ ကရင်အမျိုးသားအစည်းရုံးအထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက “ကျနော်တို့ ဒီကနေ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ပေါ်မှာ ဒီကနေ့ အခန်း ၄ ပေါ့နော်။ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်မယ့် အစီအစဉ်တွေကို ပြန်သုံးသပ်တယ်။ အထူးသဖြင့်ကတော့ Code of Conduct ကိစ္စ၊ ကျနော်တို့ စာချုပ်နဲ့ ပါနိုင်ဖို့အတွက် ပြောကြတယ်။ ဒါကလည်း အန်စီစီတီအဖွဲ့က ပြန်ရှင်းပြတဲ့အပေါ်မှာ ထည့်စရာမလိုဘူးလို့ပဲ မြင်ကြတယ်လေ။ ဘာဖြစ်လို့လည်းဆိုတော့ ခေါင်းစဉ်ပေါ်မှာ မူတည်ပြီးတော့ နားလည်မှုက လွဲကြတာကိုး။ ကျန်တဲ့ဥစ္စာတွေကျတော့ ဝေါဟာရအပိုင်းမှာပဲ အဓိပ္ပာယ်နားလည်မှုလွဲတာတို့၊ အဓိပ္ပာယ်မပြည့်ဝတာတို့ပေါ်မှာ ဆွေးနွေးကြတယ်။

ဆွေးနွေးပွဲ လုပ်ငန်းတွေ မပြီးပြတ်နိုင်တာကြောင့် ထိပ်သီးဆွေးနွေးပွဲကို ၁ ရက်တိုးရဖို့ရှိတယ်လို့ သူက ပြောပါတယ်။ မူလက ဇွန် ၂ ရက်နေ့ကနေ ဇွန် ၆ ရက်နေ့ထိ ကျင်းပဖို့ စီစဉ်ထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက ဖိတ်ကြားချက်အရ  ဒီလလယ်ပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း တရုတ်သမ္မတ၊ တရုတ်ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဖို့ရှိတာကြောင့်  တိုင်းရင်းသားအင်အားစုတွေက ဘာအမှာပါးချင်သလဲလို့   မေးမြန်းရာမှာ ပဒိုကွယ်ထူးဝင်းက “ကျနော်တို့ကတော့လေ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကတော့ ဒီ ငြိမ်းချမ်းရေးကတဆင့် အခြေခံနိုင်ငံရေးပြသနာရှင်းဖို့အတွက် လိုအပ်ချက်ဖြစ်တယ်။ ဒါကို ဒေါ်စုပဲဖြစ်ဖြစ်၊ တရုတ်အစိုးရပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ကျနော်တို့တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆိုချက်တွေပေါ့ ဒါတွေကို နားလည်သဘောပေါက်ပြီးတော့ ထောက်ခံပေးဖို့တော့ လိုအပ်တာပေါ့နော်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013