DVB Logo
Home
မြန်မာသတင်း
သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် မြို့ကြီးများတွင် ကျင်းပ
DVB
·
June 5, 2015
သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ် မြို့ကြီးများတွင် ကျင်းပ
1 / 3
Donate to DVB

ဒီကနေ့ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့သဘ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ ရန်ကုန်ပါအ၀င် မြို့ကြီးတချို့မှာ  အထိမ်းအမှတ် အခန်းအနားကျင်းပြပါတယ်။

ရန်ကုန်မှာတော့ အမေရိကန်စင်တာနဲ့ မြန်မာအင်စတီကျူတို့က ဦးဆောင်ပြီး အင်စိန်မြို့နယ် MIT -Bars ကျောင်းမှာ အထိမ်းအမှတ် အခမ်းအနား  ပြုလုပ်ပါတယ်။

ဒီအခမ်းအနားမှာ ဟောပြောပွဲအပြင် ပြပွဲတွေ ပြုလုပ်ထားတယ်လို့ ဒီအခမ်းအနားမှာ ပါဝင်ကျင်းပခဲ့တဲ့ ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးအဖွဲ့က ဂျွန်ဘရိုက်က ပြောပါတယ်။

“ဒီနှစ်ဆောင်ပုဒ်အနေနဲ့ကတော့ အခု United Nations Environment Programme - UNEP) ကနေ လုပ်ထားတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘ကမ္ဘာကြီးမှာ လူသန်းပေါင်း ခုနှစ်ထောင်က အိမ်မက်အမျိုးမျိုးနဲ့ အလုပ်လုပ်နေကြတယ်။ ဒါပေမယ့် ကမ္ဘာကြီးက တလုံးတည်းပဲရှိတယ်။ အဲတော့ သတိနဲ့ လုပ်ကြပါပေါ့။’ အဲဒီဆောင်ပုဒ်နဲ့ပဲသွားတယ်ပေါ့နော်။ ကျနော်တို့ကတော့ အထူးသဖြင့် သံလွင်နဲ့ပတ်သက်ပြီးတော့ လုပ်တယ်ဆိုတော့ ဒီဟာနဲ့ ပြန်ပြီးချိတ်ဆက်တဲ့ အခါမှာ ဒီဟာကလည်း ကျနော်တို့ သားစဉ်မြေးဆက် စွမ်းအင်ထုတ်မယ်ဆိုလို့ရှိရင်လည်း ရေရှည်တိုင်းပြည်အတွက် ဘယ်လိုမျိုး အဆင်ပြေနိုင်အောင် ထုတ်မလဲဆိုတဲ့ဟာမျိုးတွေ စဉ်စား စေချင်တယ်ပေါ့နော်။”

ဒီလိုအလားတူ အခမ်းအနားကို မွန်ပြည်နယ် သထုံမြို့မှာလည်း ကျင်းပခဲ့ကြသလို ဇွန် ၆ ရက်နေ့မှာလည်း ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာပဲ မန္တလေးမြို့က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေတဲ့ စိမ်းရောင်စိုအဖွဲ့က ဦးဆောင်ပြီး သစ်ပင်စိုက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စိမ်းရောင်စိုအဖွဲ့ရဲ့ အတွင်းရေးမှူး တဦးဖြစ်သူ ဦးမောင်မောင်ဦးက ပြောပါတယ်။

“ကျနော်တို့ နှစ်စဉ်နှစ်တိုင်းပေါ့နော်။ ၆ နှစ်ရှိပါပြီး စိမ်းရောင်စိုက နှစ်တိုင်းလိုလိုပဲ လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ဒီနှစ်အနေနဲ့ ကျနော်တို့ မန္တလေးရဲ့ အထင်ကရ နေရာဖြစ်တဲ့ မန္တလေးတောင်ခြေ ရာပြည့်ရွှေကျင်တိုက်အတွင်းမှာ ကျနော်တို့ သစ်ပင်များကို ၅ နှစ်ဆက်တိုက် စိုက်ပျိုးခြင်းကို လုပ်ခဲ့ပါတယ်။ စိုက်တဲ့အပင်ကတော့ အဓိက ကျွန်းပင်ပေါ့နော။် နောက် ငုပင်နဲ့ ပန်းတောက်ပင်တွေကို စိုက်ပါတယ်။ သစ်တောဌာနက လာရောက်ပူးပေါင်းစိုက်တာလည်းရှိပါတယ်။ ”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်အောင် ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်နေသေးတယ်လို့ လှုပ်ရှားကြသူတွေက ပြောပါတယ်။

ကမ္ဘာသူကမ္ဘာသားအားလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လာစေဖို့အတွက် တွန်းအားပေးတဲ့အနေနဲ့ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကုလသမဂ္ဂကကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင် ညီလာခံကြီးကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီညီလာခံကြီးကနေ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဓာတ်ပုံ - Saw John

[gallery ids="96233,96234,96235"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013