DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားများ တပြိုင်တည်း အသံထွက်ရန် လို
DVB
·
June 5, 2015
ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားများ  တပြိုင်တည်း အသံထွက်ရန် လို
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုရင် အာမခံချက်ရှိအောင်လုပ်ကြဖို့နဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုအပေါ်မှာ တပြိုင်တည်း အသံထွက်ဖို့ လိုတယ်လို့ လော်ခီးလာထိပ်သီးဆွေးနွေးပွဲ စတုတ္ထနေ့မှာ သဘာပတိက သတိပေးပြောကြားပါတယ်။

ဒီကနေ့ ထိပ်သီးဆွေးနွေးပွဲရဲ့ အလှည့်ကျသဘာပတိ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြောကြားခဲ့တာပါ။

တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစုတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ယူဖြတ်သန်းခဲ့ဖူးတဲ့   ခိုင်စိုးနိုင်အာင်က    ”တကယ်လို့များ Polical Dialogue (နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ) ကိုသွားတဲ့ အခါမျိုးမှာ တိုင်းရင်းသားလူမျိုးတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တသံတည်းထွက်ဖို့ အရေးကြီးတယ်။ တသံတည်းထွက်ဖို့ အရေးကြီးတယ်ဆိုတာဘာလဲ၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအပေါ်မှာ တသံတည်းထွက်ဖို့ လိုပါတယ်။ အဲ့ဒီ တပြိုင်တည်းမထွက်ရင် ကျနော်တို့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုမရနိုင်ဘူး။ အဲ့ဒါ သိပ်အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်”လို့ ပြောကြားပါတယ်။

အစည်းအဝေးတက်ရောက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဒီကနေ့ဆွေးနွေးပွဲမှာ ‘နိုင်ငံရေးဆွေးပွဲရလဒ်တွေအပေါ်မှာ မူတည်ပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့  အစိုးရနဲ့ အန်စီစီတီ ပဏာမ သဘောတူညီချက်’ အပေါ်  ခေါင်းဆောင်တွေက အဓိကထားပြီးဆွေးနွေးကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ခွန်မြင့်ထွန်းက “အထူးအဖြင့်တော့ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုရင်က နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီဆိုတဲ့ အချက်မျိုးဟာ ဒါကို ပါသင့်လား မပါသင့်ဘူး လား အဓိက ဆွေးနွေးဖြစ်ကြတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဆိုတာဟာ မသေချာတဲ့သဘောကိုလည်း လုပ်ဆောင်တယ်လို့ တချို့ကလည်း အမြင်ရှိသလို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များအပေါ်မှာ တချို့ကလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့မှ ပိုပြီးတော့ကိုယ့်ရဲ့ဆွေးနွေးနိုင်မှု အပေါ်မှာမှုတည်ပြီးတော့ ရယူနိုင်မယ်လို့ မျှော်လင့်တာ လည်းရှိတယ်။ အဲ့တော့ဒီပေါ်မှာတော့ ကျနော်တို့ နှစ်ဘက်ကျေနပ်တဲ့ အဖြေကို ရမှာပါ”လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဆွေးနွေးပွဲ ၃ ရက်မှာ ခေါင်းဆောင်တွေနဲ့ အန်စီစီတီအဖွဲ့ဝင်တွေဟာ တင်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (မူကြမ်း) NCA (Draft) ရဲ့ အခြေခံမူ၊ အခန်း ၁၊ ၂၊ ၃၊ ကို ဆွေးနွေးကြပြီး စကားလုံးပြင်ဆင်၊ ဖြည့်စွက်လိုမှုတွေ အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီကနေ့မှာလည်း NCA (Draft) အတည်ပြုနိုင်ဖို့ကျန်နေတဲ့ အချက်တွေ တခန်းခြင်း ဆက်လက်ဆွေးနွေး အတည်ပြုသွားမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ထည့်သွင်းဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

အစိုးရဘက်က ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း အဖွဲ့နဲ့ တိုင်းရင်းသားတွေဘက်က နိုင်ဟံသာဦးဆောင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့ NCA (Draft) ကို ပူးတွဲပြုစုရေးဆွဲ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

နှစ်ဘက်ခေါင်းဆောင်တွေထံ ထပ်မံတင်ပြကြဖို့ဖြစ်ပြီး အစိုးရဘက်ကတော့ ပြင်စရာမရှိဘူးလို့ ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး တိုင်းရင်းသားတွေဘက်က အခုထိပ်သီးဆွေးနွေးပွဲမှာ တင်ပြနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013