
အရင်တခါ တိုက်ခိုက်မှုကြောင့် ဆုံးရှုံးထားတာ တချို့ကို ပြန်ရလာအပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) အပေါ် အီရန်က တကျော့ပြန် တိုက်ခိုက်ခဲ့လို့ မတ် ၁၇ ရက်မှာ ရေနံ စျေးနှုန်း ၂ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပါတယ်။
အမေရိကန်-အစ္စရေးစစ်ပွဲကလည်း တတိယသီတင်းပတ်ဆီ ဝင်လာပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုအတွက် ဆိုးရွားလာမဲ့ အလားအလာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ ပါတယ်။
ဘရန့်ရေနံစိမ်း အနာဂတ် LCOc1 ဟာ GMT ၁၄:၃၅ အချိန်မှာ ရေနံစိမ်း တစည်အတွက် ၁ ဒသမ ၇၄ ဒေါ်လာ ဒါမှမဟုတ် ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၀၁ ဒသမ ၉၅ ရှိခဲ့ပါတယ်။
အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်း CLc1 ကတော့ တစည်ကို ၁ ဒသမ ၄၁ ဒေါ်လာ ဒါမှမဟုတ် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၉၄ ဒသမ ၉၁ ဒေါ်လာ ရှိခဲ့ပါတယ်။
အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲက လျော့ပါးသွားမဲ့ လက္ခဏာ မပြသေးပါဘူး။
ရေနံဈေးနှုန်းတွေက ခုလအစောပိုင်းက တစည်ကို ဒေါ်လာ ၁၂၀ နီးပါးအထိ အချိန်တို မြင့်တက်တာမျိုး ထပ်မဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့ အီရန်ရဲ့ ရေနံစက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေ၊ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ကုန်သွယ်မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက်အတွက် အရေးကြီးတဲ့ ဝင်ပေါက်တခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကတဆင့် သင်္ဘောတင်ပို့မှုကို အနှောင့်အယှက်ဖြစ်နေတာဟာ ကုန်သည်တွေ အတွက် ရေရှည်ထောက်ပံ့မှု ချို့ယွင်းချက်အတွက် အာရုံစိုက်စေပြီး ဈေးနှုန်းတွေကိုလည်း အချိန် အကြာကြီး မြင့်တက်စေလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Source: Reuters










