မန်စီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
၂၀၁၇ ခုနှစ်က မိုနာကိုကနေ ရောက်ရှိလာခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူဟာ မန်စီးတီးအတွက် ၄၅၁ ပွဲ ကစားပေးခဲ့ပြီး ဆုဖလားပေါင်း ၁၅ လုံးအထိ ဆွတ်ခူးပေးနိုင်ခဲ့သူပါ။
သူ့ရဲ့ မန်စီးတီးကစားသမားဘဝ ၈ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်အပြင် ၂၀၁၈-၁၉ ရာသီက ပြည်တွင်းဖလား ၄ လုံး (Quadruple) နဲ့ ၂၀၂၂-၂၃ ရာသီက သမိုင်းဝင် ဖလား ၃ လုံး (Treble) အောင်မြင်မှုတွေကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။
ဆေးလ်ဗားက "မန်စီးတီးကစားသမားအဖြစ် ရောက်လာခဲ့ပြီး အခုတော့ တသက်တာ မန်စီးတီးပရိသတ်တယောက်အဖြစ် ထွက်ခွာသွားပါတော့မယ်" လို့ ပရိသတ်တွေကို နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။










