
ကာတာနဲ့ အီရန်က စွမ်းအင်အဆောက်အအုံတွေ တိုက်ခိုက်ခံရပြီးနောက် ဗြိတိန်နဲ့ ဥရောပမှာ ရေနံဈေးတွေထပ် တက်လာပါတယ်။
အစ္စရေးက အီရန်ရဲ့ ဆောက်ပါးစ် ဓာတ်ငွေ့လုပ်ကွက်ကို တိုက်ခိုက်ခဲ့သလို အီရန်ကလည်း ကာတာရှိ ရက်လတ်ဖန် စွမ်းအင်စက်ရုံကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီး ဥရောပနဲ့ ဗြိတိန်မှာ လောင်စာဆီဈေးနှုန်း ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အီရန်စစ်ပွဲမစခင်က ဈေးနှုန်းနဲ့ယှဉ်ရင် ၂ ဆကျော် တက်လာတာပဲ ဖြစ်ပါတယ်။
ကာတာရှိ ဂက်စ်စက်ရုံ တိုက်ခိုက်ခံရမှု အပါအဝင် အရှေ့အလယ်ပိုင်းရှိ စွမ်းအင်အဆောက်အအုံတွေ တိုက်ခိုက်ခံရပြီးချိန် မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရဲ့ လောင်စာဆီဈေး ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ။
ဗြိတိန်မှာ ဓာတ်ငွေ့ဈေးနှုန်းက မတ် ၁၉ ရက် အာရှစံတော်ချိန် ညနေ ၅ နာရီအထိ ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို လောင်စာဆီဈေးနှုန်းကလည်း တစည်ကို ၁၁၃ ဒေါ်လာအထိ ရှိပြီး ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
အီရန်ရဲ့ လှိုင်းလုံးစစ်ဆင်ရေး ၂ ကြိမ်ကြောင့် ကာတာရှိ အဓိက ဂက်စ်စက်ရုံ ကြီးကြီးမားမား ပျက်စီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံ စွမ်းအင်အဖွဲ့က ပြောထားပါတယ်။
အာရှတိုက်မှာ ရေနံဈေးနှုန်းက တစည်ကို ၁၁၂ ဒေါ်လာအထိ ရှိပြီး ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အမေရိကန် ရေနံဈေးကွက်မှာလည်း တစည်ကို ၉၉ ဒသမ ၂၇ ဒေါ်လာရှိပြီး ၃ ရာခိုင်နှုန်း ဈေးတက်ခဲ့ပါတယ်။
ကြာသပတေးနေ့ အာရှစတော့ဈေးကွက်လည်း အကျဘက်ကို ရောက်နေပြီး တောင်ကိုရီးယား ကော်စပီက ၃ ရာခိုင်နှုန်း ကျဆင်းနေကာ နီကေး ၂၂၅ အညွှန်းကိန်းကလည်း ၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ဩစတြေးလျ ASX 200 ကလည်း ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
Source: Reuters










