DVB Logo
Home
Lead Story
လော်ခီးလာညီလာခံ စတုတ္ထနေ့အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ)
DVB
·
June 5, 2015
လော်ခီးလာညီလာခံ စတုတ္ထနေ့အစည်းအဝေးမြင်ကွင်း (ဓာတ်ပုံ)
1 / 10
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေး ၄ ရက်မြောက်နေ့ကို ဒီကနေ့ ဆက်လက်ကျင်းပနေပါတယ်။

ဒီကနေ့အစည်းအဝေးမှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို အခန်းလိုက်ဆက်ဆွေးနွေးခြင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးချမှတ်ခြင်း၊ ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများအကောင်အထည်ဖော်ခြင်း၊ တနိုင်ငံလုံး  အပစ်ရပ်စာချုပ်မူကြမ်း (အန်စီအေ)ကို လူထုနှင့်နိုင်ငံတကာသို့ချပြခြင်းအစီအစဉ်၊ အစိုးနှင့်ဆက်လက်ဆွေးနွေးညှိနှိုင်းခြင်းအစီအစဉ် စတာတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

လေးရက်မြောက်နေ့ လော်ခီးလာအစည်းအဝေးကို သဘာပတိအဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အရံသဘာပတိများအဖြစ်ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းတို့က ဆောင်ရွက်ပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

[gallery ids="96089,96090,96091,96092,96093,96094,96095,96097,96098,96099"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013