DVB Logo
Home
မြန်မာသတင်း
လှေစီးဝင် ဘင်္ဂလားဒေ့ရှ် ၁၅၀ ကို ပထမအသုတ် နေရပ်ပြန်ပို့မည်
DVB
·
June 4, 2015
လှေစီးဝင် ဘင်္ဂလားဒေ့ရှ် ၁၅၀ ကို ပထမအသုတ် နေရပ်ပြန်ပို့မည်
Donate to DVB

မြန်မာနိုင်ငံက ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ကို  နိုင်ငံသား စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက် ပထမအသုတ်အနေနဲ့ အယောက် ၁၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ပြန်လည် ပို့ဆောင်မယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။

လှေစီး ဒုက္ခသည်တွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မှာ  သံတမန်တွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ပြောကြားခဲ့တာလို့  တရုတ် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဖျာပုံမှာ တွေ့ရှိ ကယ်ဆယ်ခဲ့တဲ့ လှေစီးဒုက္ခသည် ၇၀၀  ကျော်ကိုလည်း  ဇွန် ၅ ရက်နေ့  စတင် စစ်ဆေးတော့မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်က ရခိုင်ပြည်နယ်မှာ  ဘင်္ဂလားဒေ့ရှ် ၂၀၀ လိုက်ပါလာတဲ့  လူမှောင်ခို လှေတစီး ကို မြန်မာရေတပ်က ကယ်ဆယ်ခဲ့ပြီး မေလ ၂၉ ရက်ကလည်း ဧရာဝတီတိုင်း ဖျာပုံမှာ ဘင်္ဂါလီ ၇၀၀ ကျော်လိုက်ပါလာတဲ့ လှေတစီးဖမ်းမိခဲ့တာဖြစ်ပါတယ်။

အဆိုပါ လှေစီးဝင်လာသူတွေကို  ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြနယ် တောင်ပြို လက်ဝဲမြို့မှာ ယာယီစခန်းဖွင့်လှစ်ကာ  လူသားချင်းစာနာမှု အကူအညီတွေပေးနေပြီး လာမယ့် ဇွန် ၇ ရက်နေ့ စတင်ပြန်ပို့ရေး လုပ်ငန်းတွေ စလုပ်မယ်လို့လည်း မြန်မာနိုင်ငံခြားရေးဌာနက ကြေညာထားတာဖြစ်ပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ထောင်နဲ့ချီတဲ့ ရွေ့ပြောင်းသွားလာသူတွေ နိုင်ငံကို စွန့်ခွာသွားကြတာဟာ  ညှဉ်းပန်းနှိပ်ကွပ်မှုတွေကြောင့်မဟုတ်ဘဲ ပိုကောင်းတဲ့အလုပ်အကိုင်တွေ ရှာဖွေဖို့ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013