DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်ဖမ်းဆီးထားသူ ၂၀ ကို ထပ်မံရုံးထုတ်
DVB
·
June 4, 2015
ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်ဖမ်းဆီးထားသူ ၂၀ ကို ထပ်မံရုံးထုတ်
Donate to DVB

ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးထားသူတွေ အယောက် ၂၀ ကို ဒီကနေ့ ကျောက်တော်မြို့နယ် တရားရုံးမှာ ထပ်မံ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့မှာတော့ တပ်မတော်ဘက်က တရားလိုပြသက်သေ ဗိုလ်ကြီး မင်အောင်နိုင်ကို စစ်ဆေးတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ရှေ့နေ ဦးဦးထွန်းလှက ပြောပါတယ်။

“ ဒီနေ့က ရုံးထုတ်ပြီးတော့ စကခ ၉ က ဗိုလ်ကြီးမင်းအောင်နိုင်ကို စစ်ပါတယ်။ ဒီနေ့က အမှု ၃ မှု စစ်တာမှာ တမှုပဲ ပြီးပြီး နောက် ၂ မှုက ချိန်းတချိန်း ချိန်းပေးလိုက်ရတယ်။ အမှု ၃ မှု ဆိုတာက အကုန်လုံးက ၁၇ (၁) နဲပဲ။  ဒါပေမယ့် လူခွဲရတာပေါ့နော်။ ၁၀ ယောက်တမှု၊  ၇ ယောက်တမှု၊ ၃  ယောက်တမှုမှာ  အဲဒီ ၇ ယောက်အမှုကိုပဲ စစ်လို့ပြီးတယ်။ ကျန် ၂ မှုက ရုံးချိန်မလောက်လို့ ၁၁ ရက်နေ့ ပြန်ချိန်းလိုက်တယ်။ ”

ဒီနေ့ စစ်ဆေးခံတဲ့ တရားလိုပြသက်သေ ဗိုလ်ကြီးမင်းအောင်နိုင်ဟာ စကခ ၉ က အရာရှိဖြစ်ပြီး ဖမ်းဆီးခံရ သူတွေကို စစ်ဆေးချက်နဲ့အတူ ရဲစခန်းမှာ လာရောက်အပ်နှံသူဖြစ်တယ်လို့လည်း ဦးဦးထွန်းလှက ပြောပါတယ်။

တရားလိုဖက်က ဖမ်းဆီးခံရသူတွေကို နှိပ်စက်တာမရှိဘူးလို့ ထွက်ဆိုခဲ့ပေမယ့် ဖမ်းဆီးခံရသူတွေကတော့ ဖမ်းဆီးစဉ်ရိုက်နက်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံပြသနေရ တယ်လို့ လည်း ဦးဦးထွန်းလှက ပြောပါတယ်။

“စစ်ဆေးချက်က ဘာတွေထူးခြားလဲဆိုတော့ တရားခံတိုင်းကို သူတို့က မနှိပ်စက်ဘူး၊ သာမန် ရိုးရိုးတန်းတန်းပဲ စစ်ဆေးတာပါလို့ သူက ထွက်ဆိုပြီးတော့ ဒီဖက်ကနေ ပြန်လည်မေးတဲ့အချိန်မှာ တရားခွင်မှာ တရားခံရဲ့ဒဏ်ရာတွေကို ပြသပြီးမေးတဲ့အခါမှာ သူနည်းနည်းကြောင်သွားတဲ့ သဘောမျိုးရှိတယ်။ ဖမ်းဆီးခံရသူတွေရဲ့အခြေအနေကတော့ လူတော်တော်များများကတော့ ပြန်ကောင်းသွားပြီ။ ဒါပေမယ့် တချို့ကလည်း ဆေးရုံတွေကို ပြန်ပြနေရာတာမျိုးရှိတယ်။”

ဖမ်းဆီးခံရသူတွေဟာ မတရားအသင်းပုဒ်မ ၁၇(၁) စွဲချက်နဲ့ တရားစွဲဆို ရုံးထုတ်စစ်ဆေးနေပါတယ်။

ရခိုင်ပြည်နယ် နေရာပေါင်းစုံက လူတွေပေါင်း ၃၂ ဦးကို  စစ်တပ်က ဖမ်းဆီးပြီး အသုပ်ခွဲပြီး  ရုံးထုတ်စစ်ဆေးမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဖမ်းဆီးထားသူအများစုဟာ ရက္ခိုင့်တပ်မတော်က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ကျောက်တော် မြို့မရဲစခန်းမှူး  ရဲမှူးဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရ စစ်ကြောင်းတွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရာနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးခို လှုံခဲ့ရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013