DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓစာပေသင်ရိုး အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းရန် စာချသံဃာများ အကြံပြု
DVB
·
June 4, 2015
ဗုဒ္ဓစာပေသင်ရိုး အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းရန် စာချသံဃာများ အကြံပြု
Donate to DVB

ဗုဒ္ဓစာပေတွေကို အင်္ဂလိပ်ဘာသာ ပြန်ကြားရာမှာ အခက်အခဲ မရှိစေဖို့အတွက် ပထမငယ်နဲ့ ပထမကြီးတန်းတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းသင့်တယ်လို့ စာချဆရာတော်တွေက မိန့်ကြားပါတယ်။

ရဟန်းသံဃာတော်တွေ ပထမဆုံး တက်ရောက်ရတဲ့ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေရဲ့ ဘာသာရပ်တွေမှာ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းသင့်ပြီလို့ စာချဆရာတော်တွေက ထောက်ပြအကြံပြုလိုက်တာပါ။

ရန်ကုန်မြို့ ဓမ္မဒူတကောလိပ်က စာချဆရာတော် ဒေါက်တာအရှင်သာဓိနက ဗုဒ္ဓစာပေကို နိုင်ငံခြားသားတွေက ဘာသာပြန်ရာမှာ မြတ်စွာဘုရားရဲ့ ဆိုလိုချက်တွေနဲ့ ကွဲလွဲတာတွေ ရှိတာကြောင့် အခုလို အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းဖို့ အကြံပြုတာလို့ မိန့်ပါတယ်။

မြန်မာနိုင်ငံမှာ သံဃာတော်တွေကို စာပေသင်ကြားပေးနေတဲ့ ဗုဒ္ဓတက္ကသိုလ်တွေ ရှိနေပေမယ့် သံဃာအရေအတွက်နဲ့ နှိုင်းယှဉ်ရင် လိုအပ်ချက်ရှိနေဆဲပဲလို့ ဆရာတော်တွေက မိန့်ကြားပါတယ်။

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013