DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သား ၅၀ကျော် မြန်မာစစ်တပ်က ပြန်လွှတ်ပေး
DVB
·
June 4, 2015
ကလေးစစ်သား ၅၀ကျော် မြန်မာစစ်တပ်က ပြန်လွှတ်ပေး
1 / 8
Donate to DVB

အရွယ်မရောက်ခင် စစ်မှုထမ်းနေရတဲ့ ကလေးစစ်သား  ၅၁ ဦးကို တပ်မတော်ကနေ ဒီကနေ့ နုတ်ထွက်ခွင့်ပေးလိုက်တယ်လို့ ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ထုတ်ပြန်ပါတယ်။

ဒါဟာ  ၂၀၁၅ ခုနှစ်အတွင်း ဒုတိယအကြိမ် နုတ်ထွက်ခွင့်ပြုလိုက်တာဖြစ်ပြီး နှစ်အစ ကနေ ဒီကနေ့အထိဆိုရင် ကလေးသူငယ် စုစုပေါင်း ၉၃ ဦးကို နုတ်ထွက်ခွင့်ပြု တာလို့  ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယူနီဆက်ဖ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန် ဘိန်းဘဲလ်က “တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့  အရွယ်မရောက်သူ ကလေးသူငယ်တွေအနေနဲ့ လူမူအသိုက်အဝန်းကို ပြန်လည်ဝင်ရောက်စေရေးအတွက် ရေရှည် ကြိုးစားအားထုတ်မှု နဲ့ ရေရှည်တည်တံ့တဲ့ ရန်ပုံငွေထောက်ပံ့မှုတွေ  ရှိရန်လိုအပ်ပါတယ်။” လို့ ကြေညာချက်မှာ ပြောထားပါတယ်။

၂၀၀၇ ခုနှစ်ကစပြီး မြန်မာ့တပ်မတော်အပါအ၀င်  အခြား ကရင်၊ ကရင်နီ၊ ရှမ်း၊ ကချင်နဲ့ဝ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ တင်သွင်းတဲ့ ပဋိပက္ခ္ခတွင်း ကလေးစစ်သားခေါ်ယူ စုဆောင်း အသုံးပြုသူတွေ စာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

၂၀၁၂ ခု ဇွန်လကစပြီး မြန်မာစစ်တပ်နဲ့ ကုလသမဂ္ဂတို့ လုပ်ငန်းဆောင်ရွက်မှုစီမံချက်ကို စတင်သဘောတူလက်မှတ်ရေးထိုးတဲ့ အချိန်ကစပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သူကလေးသူငယ်နဲ့ လူငယ် စုစုပေါင်း ၆၄၆ ဦးကို စစ်တပ်က နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။

ကလေးစစ်သား စုဆောင်းခဲ့တဲ့ တပ်မတော် အရာရှိ အယောက် ၅၀ နဲ့ အခြားဆင့် ၂၇၇ ဦးတို့ကို စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြီးခဲ့တဲ့ ဧပြီလက လွှတ်တော်မှာ ပြောထားပါတယ်။

ဓာတ်ပုံ - ယူနီဆက်ဖ်

[gallery ids="95964,95965,95966,95967,95968,95969,95970,95971"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013