
ယူကရိန်းနဲ့ လစ်သူယေးနီးယားနိုင်ငံတို့ဟာ ဒရုန်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၁၃ ရက်မှာ ပြောပါတယ်။
“လိုအပ်တဲ့ လုံခြုံရေးစွမ်းရည်တွေ တိုးတက်လာစေဖို့၊ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့၊ ကျနော်တို့ နိုင်ငံတွေနဲ့ ဒေသတခုလုံးရဲ့ လုံခြုံရေးကို ခိုင်မာစေဖို့ လစ်သူယေးနီးယားမှာ ယူကရိန်း စစ်ရေး ကျွမ်းကျင်သူအဖွဲ့ တဖွဲ့က ဆောင်ရွက်သွားမယ်” လို့ ဇလန်းစကီးက ဘူခါရက်စ်မြို့တော်မှာ လစ်သူယေးနီးယားသမ္မတနဲ့ တွေ့ပြီးတဲ့နောက်မှာ ပြောခဲ့ပါတယ်။
“ကျနော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မျှဝေကြပြီး ဒီစိန်ခေါ်မှုတွေကို အတူတကွ ကျော်လွှား ရမယ်” လို့လည်း ဇလန်းစကီးက ထပ်ပြောခဲ့ပါတယ်။
Source: Reuters










