DVB Logo
Home
မြန်မာသတင်း
လော်ခီးလာညီလာခံ တတိယနေ့ အန်စီအေစာချုပ်အပြီးသတ် ဆုံးဖြတ်မည်
DVB
·
June 4, 2015
လော်ခီးလာညီလာခံ  တတိယနေ့ အန်စီအေစာချုပ်အပြီးသတ် ဆုံးဖြတ်မည်
1 / 5
Donate to DVB

ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင်တွေအစည်းအဝေး တတိယနေ့မှာ တနိုင်ငံလုံး  အပစ်ရပ်စာချုပ်မူကြမ်း (အန်စီအေ)နဲ့ ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးဆုံးဖြတ်သွားဖို့ ရှိနေ ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်နေတဲ့ ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက  ဒီကနေ့အစည်းအဝေးမှာ စာချုပ်မူကြမ်းကို အပြီးသတ်ဆွေးနွေးပြီး အဆုံး အဖြတ်ပေးမှာဖြစ်တဲ့အတွက် အရေးကြီးတဲ့ နေ့တနေ့ ဖြစ်တယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့အစီအစဉ်ကတော့ ကျနော်တို့ Single Text တနိုင်ငံလုံး အတိုက်ခိုက်ရပ်စဲရေး စာချုပ်မူကြမ်းကို တခန်းချင်း၊ တပိုဒ်ချင်း ဆွေးနွေးသွားဖို့ ရှိပါတယ်ခင်ဗျ။ အဓိကအားဖြင့် အခန်းကြီး ၇ ခန်းရှိပါတယ်။ အခန်း ၁ နဲ့ ၂ မှာ အခြေခံမူ၊ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေ ပါတယ်။ အခန်း ၃ နဲ့ ၄ မှာ  အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေပါတယ်။   ၅ မှာက   တွေ့ဆုံဆွေးနွေးရေးကိစ္စ၊ အခန်း ၆ က ကြားကာလအစီအစဉ်တွေပါတယ်။ ၇ ကတော့ အထွေထွေ ကဏ္ဍပေါ့လေ အဲသလိုခွဲထားတာရှိပါတယ်။”

ဒီအချက်တွေဟာ ပြီးခဲ့တဲ့ မတ်လကုန်က  တပြည်လုံး အပစ်ခတ်ရပ်ရေး တိုင်းရင်းသား လက်နက်ကိုင်အလုပ်အဖွဲ့ (အန်စီစီတီ)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (ယူပီဒဗလျူစီ) တို့ကြား အတည်ပြုထားခဲ့တဲ့ မူကြမ်းကို  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေကို ပြန်လည်တင်ပြဆွေးနွေးနေတာလည်းဖြစ်ပါတယ်။

မနေ့က ဆွေနွေးပွဲ ဒုတိယနေ့မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူချက် (မူကြမ်း) နဲ့ပတ်သက်လို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက တဖွဲ့ခြင်းစီရဲ့ သဘောထားတွေကို စာရွက်စာတန်းနဲ့တင်ပြခဲ့သလို နှုတ်နဲ့ တင်ပြကြပါတယ်။

တက်ရောက်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေဟာ အန်စီအေ မူကြမ်း တခုလုံးကိုခြုံငုံပြီး လက်မခံနိုင်တဲ့အဖွဲ့ မရှိသလို စစ်ရေးအရ တင်းမာမှုတွေရှိလာတဲ့အတွက် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အဖွဲ့တွေကတော့ အန်စီစီတီ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ဖို့ တင်ပြထားပြီးဖြစ်ပါတယ်။

ဇွန်လ ၂ရက်ကနေ ၆ ရက်ထိ ကျင်းပနေတဲ့ အစည်းအဝေးကို လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တအောင်း၊ ရခိုင်နဲ့ ကိုးကန့် တပ်တွေက ကိုယ်စားလှယ်တွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ပေါင်းစုံ တက်ရောက်ကြပြီး ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ တရုတ်သံတမန်တို့ အပါအ၀င် လေ့လာရေးအဖွဲ့(၈)ဖွဲ့လည်းတက်ရောက်နေပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

[gallery ids="95872,95873,95874,95875,95876"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013